🍭Part-3🍭

215 45 14
                                    

*Zawgyi*

ကျယ်ပြောလှသောအိပ်ခန်းကျယ်ကြီးထဲမှာ အဖြူရောင်တီရှပ်နဲ့ Crop Pantအပြာရောင်တွဲဝတ်ထားသောကောင်လေးတစ်ယောက်က ငုတ်တုတ်လေးထိုင်လျက်။သူအကြံထုတ်နေသည်။ဟိုအစ်ကိုကြီးရှိနေသော ညဈေးကိုမသွားဖြစ်တာ နှစ်ရက်ကြီးများတောင်ရှိခဲ့လေပြီ။

အစ်ကိုကြီးက သူ့ကိုမျှော်နေမလား၊မမျှော်နေဘူးလား သူသေချာမသိပေမယ့် သူကတော့ အစ်ကိုကြီးကိုလွမ်းဆွတ်တမ်းတသတိရကာ သွားပြေးတွေ့ချင်နေမိပါသည်။သို့သော်အခါအခွင့်ကမသာပေ။မမဟာ တစ်စုံတစ်ခုသောသတင်းကိုရရှိထားသလို ဗိုလ်လေးအား မျက်စိဒေါက်ထောက်ကြည့်နေသောကြောင့် ဗိုလ်လေးတစ်ယောက် ကျဉ်းတည်းကျပ်တည်းရောက်နေရရှာသည်။စာသင်ဂိုက်တွေကလည်း လာတာမှအဆက်မပြတ်။ညဈေးဆိုသည်မှာလည်း ညဘက်မှစတင်အသက်ဝင်တာမို့ ညဘက်ခိုးထွက်ရအောင်လည်း အခါအခွင့်ကလုံးဝမပေးပေ။ကိုမော်ကွန်းကိုလည်း ဒုက္ခထပ်မပေးချင်တော့။

ဟူး...ရင်မောလှပါတယ်။အစ်ကိုကြီးရဲ့မျက်နှာလှလှလေးကိုတွေ့ရရင်တော့ မောနေတဲ့ရင်တွေ အေးမြသွားမှာအမှန်ဘဲ။

တိုင်ကပ်နာရီကိုမော့ကြည့်လိုက်တော့ ခြောက်နာရီတင်းတင်း ထိုးနေလေပြီ။ ကုတင်ပေါ်မှာထိုင်နေသော လွှမ်းမိုးဗိုလ်ကအပြင်သွားဖို့အဆင်သင့်အနေအထားနှင့် ဝတ်စုံပြည့်။

ရေခဲသုတ်အစ်ကိုကြီးကို အဝေးကနေငေးကြည့်ခွင့်ရရင်တောင် ကျေနပ်မိမှာပါ။ဒါပေမယ့် တစ်ဆက်တည်းတွေးမိသည်က ဒီတစ်ခေါက်ညဈေးရောက်ဖြစ်ခဲ့ရင်တော့ အခွင့်အရေးကိုအကောင်းဆုံးအသုံးချချင်သည်သာ။ရခဲလှတဲ့ အပြင်ထွက်ခွင့်အခွင့်အရေးလေးကို ဒီအတိုင်းအဝေးကနေလှမ်းမျှော်ကြည့်ရုံလောက်နှင့်တော့ မကျေနပ်နိုင်တော့။တစ်စုံတစ်ခုစလှုပ်ရှားရတော့မည်။

သူ ရေခဲသုတ်အစ်ကိုကြီးကို တကယ်ချစ်မိနေပါသည်။

အိပ်ခန်းတံခါးအပေါက်ဝကနေ ခိုးကြောင်ခိုးဝှက် သူခိုးမျက်စိနဲ့ချောင်းကြည့်လိုက်တော့ အပေါ်ထပ်Corridorတစ်ခုလုံး လူသူရှင်းလင်းလျက်။ဒါအခွင့်ကောင်းပဲ။

Cotton Candyလေးရဲ့ချစ်ပုံပြင်(Cotton Candyလေးရဲ့ချစ်ပုံပြင်){Shortstory}Unde poveștirile trăiesc. Descoperă acum