🍭Part-4🍭

201 41 17
                                    

*Zawgyi*

ကျောခိုင်းထွက်ခွာသွားသော ကျောပြင်ငယ်လေးကို ရန်စစ်စိုက်ကြည့်ရင်း မျက်ရည်များထပ်ဝဲတက်လာခဲ့၏။

သူ Cotton Candyကောင်လေးကို အသလွတ်ငြင်းလိုက်တာမဟုတ်။ အကြောင်းအရင်းရှိပါသည်။

တခါတလေကျတော့ စိတ်ကိုအလိုလိုက်ဖို့ရာ မဖြစ်သင့်သည့်အကြောင်းအရာများလည်း ရှိနေသည်မဟုတ်ပါလား။

Flashback...

လွန်ခဲ့သောမိနစ်ပိုင်းအနည်းငယ်ခန့်က...

ရန်စစ်တို့ ဒီနေ့အထူးတလည်ကိုဈေးရောင်းကောင်းနေသည်။ Customerများကလည်း ရန်စစ်၏ကဏ္ဍဖြစ်သည့် ရေခဲသုတ်ကဏ္ဍကို လက်မလည်တမ်းလာရောက်ကြ၍ Orderများတက်နေသည်မှာမတရားပင်။ ညမှောင်ရီပျိုးတော့ LEDမီးလေးတောင်လှမ်းမထွန်းနိုင်၍ သူငယ်ချင်းဖြစ်သူက ဝိုင်းကူထွန်းပေးရသည့်အဖြစ်။

"ဟုတ်ကဲ့..ကျေးဇူးပါဗျ။နောက်နေ့တွေလည်းလာအားပေးပါအုံးနော်"

ရန်စစ်က ရိုးရာမပျက်ဖော်ရွေပြုံးရွှင်စွာဆက်ဆံနေဆဲ။

"မင်္ဂလာပါ။ဘာမှာမလဲဗျ"

ရန်စစ်နှုတ်ခွန်းစကားဆိုပြီးပြီးချင်း မျက်နှာမော့ကြည့်လိုက်တော့ သူ့ကိုခက်ထန်မာကြောစွာစိုက်ကြည့်နေသောဟိုလူ။Cotton Candyကောင်လေးနှင့်အမြဲပါပါလာတတ်တဲ့အဲ့လူ။

သို့သော် ကိုယ့်ဆိုင်ကိုရောက်လာသူတိုင်း ကိုယ့်Customerပေပဲမို့ ရန်စစ် မျက်နှာမပျက်ယွင်းဘဲ ပြုံးရွှင်စွာသာနှုတ်ဆက်လိုက်မိသည်။

"ဘာမှမမှာဘူး။မင်းကို ဗိုလ်လေးနဲ့မပတ်သက်ဖို့လာသတိပေးတာ။ ဗိုလ်လေးက မင်းကိုကြိတ်ကြွေနေတယ်။ပြီးတော့ ဗိုလ်လေးက ငါနဲ့နောင်တစ်ချိန်လက်ထပ်ရတော့မယ့် ခင်ပွန်းလောင်း။ဒါကြောင့် သူ့ဘက်ကလာပတ်သက်ရင်တောင် မင်းဘက်က ကင်းကင်းရှင်းရှင်းနေပေးပါ"

ထိုလူက စကားရှည်ကြီးကိုအသက်မရှူတမ်းပြောဆိုသတိပေးရင်း ရန်စစ်ကို စားမတတ်၊ဝါးမတတ်စူးစိုက်ကြည့်ကာ နေရာမှလှည့်ထွက်သွားလေသည်။ ရန်စစ်ကတော့ နောက်Customerများကိုတောင် နှုတ်ခွန်းမဆက်သနိုင်တော့ဘဲ ကြောင်အလျက်ရှိတုန်း။

Cotton Candyလေးရဲ့ချစ်ပုံပြင်(Cotton Candyလေးရဲ့ချစ်ပုံပြင်){Shortstory}Wo Geschichten leben. Entdecke jetzt