၁၇

2.5K 457 70
                                    

Unicode

           
လမ်းထိပ်မှာရောက်နေတယ် ခဏထွက်လာလို့
ရမလားဆိုတဲ့ အစ်ကိုဂျယ်ဟာ ပို့လိုက်တဲ့စာကို ဖတ်ပြီး
နောက် ဂျောင်ဂု ခေါင်းကိုသာ တဗျင်းဗျင်းကုတ်လိုက်
သည်။အမှန်အတိုင်းပြောရရင် အာ့နေ့က ထမင်းတောင်
ဆက်မစားပဲ အစ်ကို့ကို မနှုတ်ဆက်ပဲ ထွက်လာမိပြီး
အစ်ကိုဂျယ်ဟာ့ ဖုန်းတွေကို လျစ်လျူရှုထားတာ
တစ်ပတ်တင်းတင်းပြည့်နေပြီ။အမြဲတမ်းရှောင်နေလို့
မရမယ့်အတူတော့ တွေ့လိုက်တာ ကောင်းပါတယ်လေ
ဟု တွေးကာ အိမ်နေရင်အဝတ်နဲ့ပဲ ဖုန်းနဲ့ပိုက်ဆံအိတ်ကို
ဘောင်းဘီအိတ်ကပ်ထဲ ထိုးထည့်ပြီး အမေ့ကို လမ်းထိပ်
ခဏဟု ပြောကာ ထွက်လာခဲ့တော့သည်။

      
လမ်းထိပ်ရောက်တော့ အစ်ကိုဂျယ်ဟာကားလေးကို
တွေ့ရပြီး ​ဂျောင်ဂုကိုမြင်သည်နှင့် အစ်ကိုဂျယ်ဟာက
မထင်မှတ်ထားသလို ပျော်ရွှင်သွားသောမျက်နှာနှင့်
ကားပေါ်ကဆင်းလာသည်။

" လာမတွေ့တော့ရင် ဘယ်လိုလုပ်ရမလဲလို့တောင်
စဉ်းစားနေတာ "

" ပြောစရာရှိလို့လားဗျ "

" အင်း တစ်နေရာရာ သွားကြမလား "

" ဟို..အစ်မယူဟီးဆိုင်တော့ မသွားချင်ဘူး "

     
အစ်မယူဟီးဆိုင်မှာ စကားသွားပြောလို့ အစ်ကိုဂျယ်ဟာ
က ဟိုစကားဒီစကားတွေပြောလာရင် အစ်မယူဟီး
ဒါမှမဟုတ် ဂျီမင်း သာ မတော်တဆကြားသွားမှဖြင့်
ဒုက္ခရောက်ကုန်ပါဦးမယ်လေ။

" ဒါဆိုရင်.."

" ကားထဲမှာပြောကြတာပေါ့..ကျွန်တော့်တို့ဝန်းနားက
ကမ်းနားမှာ လူရှင်းတယ် "

" ကောင်းပါပြီ "

    
ထို့နောက် အစ်ကိုဂျယ်ဟာကားလေးက ဂျောင်ဂု
အကြံပြုရာနေရာစီသို့ ဆိုက်ရောက်လာသည်။
ထိုနေရာရောက်တော့ ဂျောင်ဂု လက်ကချွေးတွေပြန်လာပြီး
ကားထိုင်ခုံခါးပတ်ကို လက်နှင့်ဆုပ်ကိုင်ထားကာ
နားထင်တွေပါပူလာတော့သည်။ကျွန်တော်က ဂျီမင်းကိုပဲ
ချစ်ခဲ့လို့လားမသိ သူစိမ်းယောက်ျားတစ်ယောက်စီက
ကျွန်တော့်ကိုချစ်တယ်လို့ပြောလာမယ်ဟု အိပ်မက်ထဲ
တောင်ထည့်မမက်မိ။

မိုး စိုမှာစိုးတယ်...။ ( Completed )Where stories live. Discover now