5K 746 130
                                    

Unicode

" ကလင် ကလင် "

ကုန်းဆင်းလေးအတိုင်း စက်ဘီးလေးကို
​လှိမ့်လာရင်း ဘဲလ်ကိုတီးကာ ခြံထဲဝင်လိုက်သည်။
အိမ်ရှေ့မှာ စက်ဘီးအား ဒေါက်ထောက်ပြီးသည်အထိ
ကြားနေကျ အသံစာစာလေးကို မကြားရသေးပေ။
ပုံမှန်ဆိုရင် ကျွန်တော့်စက်ဘီးဘဲလ်သံကြားသည်
နှင့် ဂျီမင်းက အပြေးလာကြိုပြီးသားပင်။

" သားတောင် ပြန်လာပြီပဲ "

အိမ်ရှေ့ခန်းက ဆက်တီခုံမှာထိုင်ပြီး သိုးမွှေးထိုးနေရင်းမှ မေမေက ဆိုလာသောကြောင့် ပြုံးပြလိုက်မိသည်။
မျက်စိကတော့ အိမ်ရဲ့ဆည်းလည်းလေးကိုရှာနေမိသည်။

" ကျောင်းအပ်တာအဆင်ပြေရဲ့လား
လိုချင်တဲ့အတန်းချိန်တွေရောရခဲ့ရဲ့လား "

" ရတယ် အမေ ဒါနဲ့ ဂျီမင်းရော "

" နောက်ဖေးမှာ ကောက်နေပါလေရဲ့ "

" ဘာဖြစ်လို့လဲ "

" ဆွန်းရှင်းကြီးပေါ့ မနက်က ဂျောင်ဂုကီးတော့
သားပေါက်လေးကိုပစ်ပြီး ကောင်မလေးနောက်
လိုက်သွားပါပြီ စလိုက်လို့လေ "

" ဟာ ဒီဆွန်းရှင်းကြီးနဲ့တော့ စိတ်ညစ်ပါတယ် "

" တစ်မနက်လုံး ကျူကျူပါအောင်ငိုပါလေရော
အခုတော့ ကောက်နေလေရဲ့ သွားချော့လိုက်ဦး "

" ဟုတ် "

မေမေနှင့်စကားစဖြတ်ပြီးသည်နှင့် အိမ်နောက်ဖေးကို
အလျင်အမြန်ဝင်လာလိုက်သည်။ထမင်းစားပွဲတွင်
မိမိအားကျောပေးကာထိုင်ရင်း တစ်ခုခုလုပ်နေသော ဂျီမင်း။

" ဂျီမင်း ဘာလုပ်နေတာလဲ "

ကျွန်တော့်အသံကြားတော့ ကုန်းနေသောကျောက
ဆတ်ခနဲမတ်သွားကာ နောက်လှည့်ကြည့်သည်။
ထို့နောက် နှုတ်ခမ်းအား သိသိသာသာ စူထော်ကာ
ရှေ့ပြန်လှည့်သွားတော့သည်။

ထို့နောက် ထမင်းစားပွဲကို ပတ်သွားကာ ဂျီမင်းနှင့်
မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သော်လည်း
မော့မကြည့်လာပဲ ခေါင်းသာငုံ့ရင်း အရောင်တွေကုန်း
ရုန်းခြယ်နေပါလေရော။ကျွန်တော် တစ်ချက်ပြုံးလိုက်
ရင်း ထမင်းစားပွဲပေါ် လက်နှစ်ဖက်ထပ်တင်ကာ
ထိုအပေါ်တွင် မေးစေ့ကို မှေးတင်ရင်း ဂျီမင်းကို
ထိုင်ကြည့်နေမိသည်။

မိုး စိုမှာစိုးတယ်...။ ( Completed )Where stories live. Discover now