5.5K 779 162
                                    

Unicode

" ဒီနေ့ ဂျီမင်း မပါလာဘူးလား "

ရောက်ရောက်ချင်း ကျောပိုးအိတ်ချထားရုံ
ရှိသေး မေးလာသည့် အစ်ကိုနမ်ဂျွန်းအား
ခေါင်းခါပြရင်းရုံထောင့်မှာ ထားထားသည့်
ရေပုံးနှင့် ကြမ်းတိုက်သည့်အဝတ်တံကို ယူလိုက်သည်။

" နေ့လည်ခင်း တစ်ရေးတစ်မော အိပ်ကျန်ခဲ့တယ်
မခေါ်လာဘူးဆိုတာကလည်း ညနေကျရင် စတိုးဆိုင်
မှာ အလုပ်ရှိသေးလို့ တစ်နေကုန်ဆို သူပျင်းနေမှာ "

" ဟုတ်သားပဲ ဒီနေ့ စတိုးဆိုင်အလုပ်သွားရမယ့်နေ့ပဲ
အဲဒါဆိုလည်း သွေးပူအောင် နည်းနည်းပါးပါးတော့
လေ့ကျင့်သွားပေါ့ နို့မို့ မင်းလည်းပင်ပန်းနေမယ် "

" သေချာလေ့ကျင့်ရမှာပေါ့ ကျွန်တော် ယောက်ျားပါ
ဒီလောက်တော့ အေးဆေးဗျ "

မီးခိုရောင်တီရှပ်လက်မောင်းစကို ဆွဲတင်ရင်း
ဗလတွေကို ညှစ်ပြကာ ပြောင်စပ်စပ်ပြောသော
ကျွန်တော့် မျက်နှာထားကြောင့် အစ်ကိုနမ်ဂျွန်းက
ရယ်သည်။ရယ်လိုက်ရင် ပါးချိုင့်ခွက်ခွက်နှင့်
ဒီအစ်ကိုက အဏ္ဏဝါဗေဒဘာသာ သင်ကြားသည့်
တက္ကသိုလ်မှ ဆရာတစ်ဦးလည်းဖြစ်သည်။
ရုပ်ချောသဘောကောင်းပြီး အလုပ်အကိုင်ကောင်း
သောကြောင့် ပျိုမဒီတွေ ဝိုင်းဝိုင်းလည်နေသော်လည်း
အချစ်ကို ဘေးတိုက်သွားသည့် ဂဏန်းတွေကို
ထိုင်ကြည့်ရတာလောက်တောင် ရင်မခုန်ဟုဆိုကာ
ယခုထိ လူပျိုကြီးဘဝနှင့်ဘေးတိုက်သွားနေသူတစ်ဦး
ဖြစ်သည်။

" ဒါနဲ့ အစ်ကို ဒီနေ့ စောသားပဲ "

" စောဆို ညနေ ကျောင်းသားဟောင်းတွေ့ဆုံပွဲရှိလို့
လေ မသွားမဖြစ်ဆိုတော့ စောစောထွက်လာလိုက်
တာ "

" အာ..ဒါဆို ငယ်ချစ်တွေ ဘာတွေနဲ့ တွေ့ရမှာပေါ့ "

ရေပုံးထဲရှိရေထဲ အဝတ်ဖတ်ကိုနှစ်ကာ ရေစွတ်
စေပြီးနောက် ကြမ်းပြင်ပေါ်သို့ ဖိတိုက်လိုက်ရင်း
ရယ်ကြဲကြဲမေးလိုက်သည်။

" တော်ပါကွာ ငါတို့နှစ်ကဟာတွေ အကုန်ပေါက်ကျော်
မတွေချည်းပဲ တစ်ခါတစ်ခါမူးရူးနေရင် ငါတို့ကိုတောင်
ဂုတ်ပေါ်ခွတက်ကြတာ မနိုင်စိန်တွေ "

မိုး စိုမှာစိုးတယ်...။ ( Completed )Where stories live. Discover now