၁၉

2.3K 251 35
                                    

Unicode

ဂျီမင်းရဲ့သတင်းကိုကြားပြီးသည့်နောက် အကုန်လုံးက
စိတ်ရင်းနဲ့ ထပ်တူထပ်မျှ ဝမ်းသာပေးခဲ့ကြသည်။
စိတ်ကောင်းရှိတဲ့လူတွေဆိုတာ ဒီလိုလူမျိုးတွေပဲ
ထင်ပါတယ်။ပြိုလဲနေချိန်မှာ စကားတွေပြောမနေပဲ
အနားမှာရှိနေပေးကြပြီး ပျော်ရွှင်နေချိန်မှာလည်း
အနားမှာရှိနေပေးကြတာမျိုးပေါ့။တစ်ခါတလေ
တွေးမိပါတယ်။ဂျောင်ဂုတို့သာ ဒီပတ်ဝန်းကျင်
အသိုင်းအဝိုင်းလေးနဲ့ မဆုံတွေ့ဖြစ်ခဲ့ရင် ဒီလိုမျိုး
စိတ်ချမ်းမြေ့နိုင်ပါ့မလားလို့ပေါ့။

" ဂုကီး ဂုကီး "

" ဟင် "

အစ်ကိုဂျယ်ဟာက သူ၏အေဂျင်စီအသစ်ဖွင့်ပွဲသို့
လာရန်ဖိတ်ထားသည့် ဖုန်းထဲက စာကိုဖွင့်ဖတ်နေ
သောကြောင့် ဂျီမင်းခေါ်တာကို အာရုံမစိုက်မိသလို
ဖြစ်သွားသည်။
ဘေးနားကလေ စိတ်မရှည်သလိုအသံလေးနဲ့
အော်လာသည့် ဂျီမင်းက ဂျောင်ဂုလက်မောင်းကို
မနာအောင်ဆိတ်ဆွဲလာသည်။

" ခေါ်နေတာလည်း မကြားဘူး "

လာခဲ့ပါမယ်ဟု စာကိုပြန်ပို့ကာ ဖုန်းကိုဘေးနားချလိုက်
သည်။

" ကြားပါတယ်ဗျ "

" ဒါဆို ဘာလို့ပြန်မထူးတာလဲ "

" ဟော...ရစ်ပြီ...ခုပြန်ထူးနေပြီလေကွာ "

" စောနကမထူးဘူးလေ "

အိမ်ရှေ့တွင်ထွန်းထားသည့် မီးရောင်လေးက
ဂျီမင်း၏မျက်နှာလေးပေါ်ကို ကျရောက်နေသည်ကို
ဂျောင်ဂု ချစ်မဝစွာ စိုက်ကြည့်လိုက်သည်။
မြင်နေရတာတောင် ဒီလိုမျိုး ကာကွယ်ပေးချင်စရာ
ကောင်းသည့် အမျိုးသားလေး။
မြင်နေရတာတောင် ဒီလိုမျိုး မြတ်နိုးမဝအောင်
ချစ်ချင်စရာကောင်းသည့် အမျိုးသားလေး။

တကယ်တော့ ဂျောင်ဂုတို့နှစ်ယောက် အိမ်ရှေ့တံခါးဝ
မှာ ဘေးချင်းကပ်ထိုင်ရင်း အပြင်မှာရွာနေသည့်
မိုးပေါက်များကို ထိုင်ကြည့်နေကြခြင်းဖြစ်သည်။
ခေါင်မိုးဖျားကိုထိပြီး လာစင်နေတဲ့မိုးရေစက်တွေကြောင့်
ခြေဖျားထိပ်ကလေးတွေကတော့ တဖြည်းဖြည်းစိုစွတ်စ
ပြုလာပြီ။

မိုး စိုမှာစိုးတယ်...။ ( Completed )Where stories live. Discover now