5K 714 177
                                    

Unicode

" ဒါအပြစ်မှ မဟုတ်တာကွ "

အစ်ကိုနမ်ဂျွန်းက လက်အိတ်ကို ချွတ်ရင်း
ကြိုးဝိုင်းထဲမှ ဆင်းလာကာ ပြောသည်။လက်ရှည်
အင်္ကျီနှင့်ဘောင်းဘီတို့မှာ မိုးရေစိုထားသောကြောင့်
အိကျနေပြီး ကျွန်တော် ထိုင်နေသော ခုံအောက်သို့
တတောက်တောက်ကျကာ ခဏတွင်းချင်းပင် ရေအိုင်
သွားသည်။

   "  ဒါပေမယ့် ဂျီမင်းကို ကျွန်တော် မျက်နှာချင်း
မဆိုင်ရဲဘူး ဘာကို ဒေါသထွက်လို့ထွက်မှန်းလည်း
မသိဘူး ခေါင်းထဲမှာအရမ်းရှုပ်နေတယ် ရူးတော့
မယ်ထင်တယ်ဗျာ "

  " ဒါ ဘယ်သူ့အပြစ်မှ ပြောလို့မရဘူး လူတိုင်းမှာ
ပြဿနာတစ်ခုဖြစ်လာရင် အကြောင်းပြချက်နဲ့
ဖြေရှင်းချက် ဆိုတာ ရှိပြီးသား..ဖြစ်ခဲ့တာကလည်း
ဂျီမင်းကို ချစ်တဲ့စိတ်နဲ့ ဖြစ်ခဲ့တာလေ..တကယ်လို့
ဂျီမင်းသာ ပုံမှန်အသိစိတ်ရှိခဲ့ရင်လည်း သူ့အနေနဲ့
မင်းကို ပစ်ထားမယ် ထင်လား "

ရေသန့်ဘူးတစ်ဘူးကို ဖွင့်သောက်ကာ
လေးလေးနက်နက်ဆိုလာသည့် အစ်ကိုနမ်ဂျွန်း
ကို ကြည့်ကာ ခေါင်းငြိမ့်မိသည်။ဟုတ်တယ်လေ
ဂျီမင်းက ငယ်ငယ်တည်းက ကျွန်တော့်ကို သိပ်ခင်
တွယ်တာ။သူ့မိဘတွေက သူ့အတွက် ကစားစရာ
လေးတစ်ခုဝယ်ပေးရင် ကျွန်တော့်အတွက်ပါ ဝယ်
ပေးဖို့တောင်းဆိုတတ်တဲ့ ကောင်လေးလေ။

" ဘယ်ပစ်ထားမလဲ သူတို့နှစ်ယောက် ငယ်ငယ်
တည်းက တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်
ချစ်ကြလဲဆိုတာ ဒီဝန်းထဲက လူတွေအသိပဲ "

အငွေ့တထောင်းထောင်းနဲ့ကော်ဖီတစ်ခွက်ကို
ကမ်းပေးလာသည့် အစ်ကိုယွန်းဂီကို တစ်ချက်
ပြုံးပြကာ လှမ်းယူလိုက်သည်။ကော်ဖီခွက်ဆီက
အနွေးဓာတ်က အေးစက်နေသော လက်ဖဝါးထဲကို
စိမ့်ဝင်ကာ နွေးထွေးလာစေသည်။

" အဲဒါကြောင့် အပြစ်တင်စိတ် မထားနဲ့လို့ ပြောချင်တာ "

" ဟုတ် ကျွန်တော်လည်း သိသိချင်း ခေါင်းတွေ
တအားရှုပ်နေခဲ့တာ..အခုလို နားထောင်ပေးတာ
အစ်ကိုတို့ကို ကျေးဇူးတင်ပါတယ် "

" ငါတို့မှာ ခင်တွယ်ပြီး ချစ်ရမယ့် ညီလေးတွေဆိုလို့
မင်းနဲ့ဂျီမင်းပဲ ရှိတာ. လိုအပ်ရင် အချိန်မရွေးလာခဲ့
ငါတို့ရှိတယ် အားမငယ်နဲ့ ဟုတ်ပြီလား "

မိုး စိုမှာစိုးတယ်...။ ( Completed )Where stories live. Discover now