'မထူးပါဘူးကွာ ဘာမှမဖြစ်ပဲ ပိုက်ဆံကုန်နေဦးမယ် Luciusကိုပဲ ဖုန်းဆက်ခေါ်လိုက်ပါတော့မယ်ကွာ'
Luciusကို ဖုန်းဆက်ခေါ်ပြီးနောက် ကောင်လေးဆီကိုပဲ အကြည့်ရောက်သွားပြန်တယ်။
ဒီတစ်ခါတွေ ရေတွေကို ကန်မနေတော့ဘူးပဲ။
ကောင်လေးနား လျှောက်သွားလိုက်ပြီး'ဟိတ် မင်းဒီမှာထိုင်နေတာ တော်တော်ကြာနေပြီနော် မပြန်သေးဘူးလား'
ဆိုပြီး ကောင်လေးကို မေးကြည့်တော့ ကောင်လေးက
'ကျွန်တော်က မပြန်ချင်သေးလို့ပါ ဦးရဲ့'
လို့ပြန်ဖြေတဲ့ ကောင်လေးရဲ့ 'ဦး' ဆိုတဲ့ အခေါ်အဝေါ်လေးမှာ ဘာရယ်ကြောင့်မသိ ပြုံးမိတယ်
'ကိုယ်က မင်းမိုးတွေ စိုရွှဲနေလို့ နေမကောင်းဖြစ်မှာစိုးလို့လေ ကောင်လေးရဲ့'
လို့ပြောမိတယ် အမှန်တော့ အဲ့လိုပြောဖို့ အစီစဉ်ထားပဲ လွှတ်ခနဲ ပြောမိသွားတာပါ။
'မင်းမပြန်ချင်သေးရင် ကိုယ့်ကားပေါ်လာထိုင်နေလေ အပြင်မှာဆို အေးတာပေါ့'
'aww ဒါနဲ့ ဦးကရော ကားပျက်နေလို့လား
ဒီမှာ ရပ်ထားတာကြာနေလို့လေ''inn ဆီကုန်သွားလို့ပါကွာ အရေးကြီးနေတော့ ဆီကုန် မကုန် မစစ်လိုက်မိဘူး ဖြစ်သွားတယ် ကိုယ့်သူငယ်ချင်းကို ခေါ်ထားတယ် သူမလာသေးလို့လေ'
'inn ကျွန်တော်လည်း ကူစောင့်ပေးမယ်လေ'
'innစောင့်ပေးပေါ့'
ဒီလိုနဲ့ Luciusရောက်လာတဲ့အချိန်
'hey Man,Long time no see.မင်းကလည်း ကားပျက်မှပဲ ငါ့ကို သတိရတော့တယ်ပေါ့'
'မဟုတ်ပါဘူးကွာ မင်းရော အဆင်ပြေရဲ့လား ဒီပုံအတိုင်းပဲ လုံးဝကို မပြောင်းလဲတာ'
'inn သား မင်းက Severusနဲ့ အတူရှိနေတာလားကွ'
'Daddyက ဦးနဲ့သိတာလား'
'aww မင်းရဲ့ဦးနဲ့ daddyက ငယ်သူငယ်ချင်းတွေလေကွာ သားကလည်း'
ဘာလို့မှန်းမသိ daddyပြောတဲ့ 'မင်းရဲ့ဦး' ဆိုတဲ့အချိန် ရှက်ပြီး ပါးလေးတွေ ရဲတက်သွားလေရဲ့။
################################
😍😍 Love you all😘😘
Thank for Voting my Fic
ဂရုစိုက်ကြပါရှင်

YOU ARE READING
The Rainy Day
Short Storyမိုးတွေရွာနေတဲ့နေ့လေးတစ်နေ့မှာ အမှတ်မထင်တွေ့လိုက်ရတဲ့ ကောင်လေးတစ်ယောက်ကို ချစ်မိခဲ့တယ် 'ကိုယ် မင်းကို သိပ်ချစ်တယ် ကလေးရယ်' ~~Severus Snape~~ 'ကျွန်တော်လည်း ဦးကို သိပ်ချစ်တယ် အရမ်းချစ်တယ် အရမ်းလည်းသတိရတယ် ဦးရယ်'...