Final

146 20 30
                                    

     ~~~~10 Later~~~~

ဒီလိုနဲ့ အရာအားလုံးက လူတိုင်းအတွက် ပုံမှန်အတိုင်းပြန်ဖြစ်လာခဲ့ပြီ ဆိုပေမယ့်လည်း
Dracoရင်ထဲမှာတော့ မနေ့တစ်နေ့ကလိုပဲ အကြိမ်ဖန်ပေါင်းများစွာ ပြန်မြင်ယောင်နေမိတုန်းပါပဲ။ သူ့ရှေ့ကနေ ကာကွယ်ပေးရင်း သေသွားခဲ့တဲ့ ဦးရဲ့ ပုံရိပ်ကိုပေါ့။

     ""ကျွန်တော် မိုးတွေကို မုန်းတယ်။ ဒီမိုးတွေကြောင့်ပဲ ဦးနဲ့ဆုံတွေ့ခဲ့ရတယ်ဆိုပေမယ့်
ကျွန်တော့်ဆီကနေ ပြန်လုယူသွားခဲ့တဲ့ အတွက် အရမ်းမုန်းတယ်။ အဲ့နေ့က အဲ့နေ့ကမိုးတွေ အရမ်းသဲနေခဲ့တာ ဦးရဲ့။""ဟုဆိုကာ ဝရန်တာဘောင်ပေါ်လက်ထောက်ကာ မျက်ရည်တွေကျပြီး အပြင်မှာ ရွာနေတဲ့မိုးတွေကို အပြစ်တင်နေမိတယ်။

     ""ပါပါးရေ အဝတ်ကပါးပါးလေးနဲ့ အအေးမိမယ်လေ။ သမီးဆီလာပါလား။ ပုံတူတူဆွဲရအောင်လေ။""ဟု ချစ်သမီးလေးက လှမ်းခေါ်‌တယ်။

     ""တွေ့လား သမီးလေးက ဦးနဲ့တစ်ပုံစံတည်းပဲ စကားပြောတာကအစ။""

     ""ပါပါး ဘာတွေပြောနေတာလဲ။ တစ်ယောက်ထဲ။ လာပါ သမီးနဲ့ ပုံတူတူဆွဲရအောင် နော် နော်လို့ ပါပါး။""

     ""အင်းပါ လာပါပြီ သမီးလေးရယ်။""

    
     ""Yayyy ဒါမှ တို့ပါပါး။""

  သူ့ပါပါးလည်း အနားရောက်လာရော အိပ်ယာပေါ်ကို အပြေးတက်သွားပြီးတော့ စောင်တစ်ထည် အပြေးယူလာတယ်။

      ""ဘာလုပ်မလို့လဲ သမီးလေးရဲ့။ စောင်ကြီးက။""

      ""ဟွင်း ပါပါးက အဝတ်ကို ပါးပါးလေးဝတ်ထားပြီး ခုလေးတင် ဝရန်တာမှာ ထွက်‌ရပ်နေတာလေ။ အပြင်မှာ မိုးတွေ ဒီလောက်သဲနေတာကို။""

   ရင်ထဲတော့ အောင့်တက်သွားပေမယ့် အပြုံးမမည်တဲ့ အပြုံးယောင်ယောင်လေးနဲ့
သမီးလေးပေးတဲ့ စောင်ကို လုံအောင် တစ်ပတ်ပတ်ကာ ခြုံလိုက်တယ်။

     ""သမီးက ဘာပုံတွေဆွဲနေတာလဲ ပြပါဦး
ပါပါးကို။""

     ""ဟီးဟီး ဒီတိုင်းပဲ လျှောက်ဆွဲနေတာ။""

     ""ဟားဟား ပါပါးသမီးလေးကတော့။""

     ""ပါပါး သမီး Daddyကို တွေ့ချင်တယ်။"
Daddyက သမီးကို ဘယ်တော့လာတွေ့မှာလဲဟင်။""

The Rainy DayTempat cerita menjadi hidup. Temukan sekarang