Part 10

114 21 19
                                    

  ""ဒိုင်း ဒိုင်း။""

ရှေ့ဆင့်နောက်ဆင့်ထွက်သွားတဲ့ သေနတ်သံရဲ့အဆုံးမှာ လဲကျသွားတဲ့ လူ‌နှစ်ယောက်။

   ""Severus ရှင်ဘာမှ အဟွတ် မ~မဖြစ်ရဘူး။ ကျွန်မ ပစ်~ပစ်တာ ရှင့်ကို အဟွတ် မဟုတ်ဘူးလေ။ ရှင် ဘာ~ဘာလို့ ဝင်ခံလိုက်ရတာလဲ။""ဟုဆိုကာ ဗိုက်ကို ဖောက်ပြီး ဝင်ရောက်သွားတဲ့ သေနတ်ဒဏ်ရာကို ဖိထားရင်း အားယူကာ Bellatrixက ပြောတယ်။

    ""အဟက် ငါ ~ငါမှ ဝင်မခံရင် ငါ့ရဲ့ ကလေးကို အဟွတ် ထိမှာပေါ့ဟ။""

 
    ""ရဲဘော်တို့ အဲ့လူတွေကို ဖမ်းပြီး လက်ထိပ်ခတ်ထားလိုက်။""

     ""ဟုတ်ကဲ့ပါ ဆရာ။""ဟုဆိုကာ ရဲအုပ်Ronလည်း Tom Riddleနဲ့ သူ့ရဲ့ အပေါင်းအပါ တစ်သိုက်ကို လက်ထိပ်ခတ်လိုက်တယ်။

     ""ကောင်လေး မင်းအဆင်ပြေရဲ့လား။အစ်ကို ကြိုးတွေဖြည်ပေးမယ်နော်။""ဆိုပြီး
Dracoရဲ့ ကိုယ်ပေါ်မှာ ချည်ထားတဲ့ ကြိုးတွေကို ဖြည်ပေးလိုက်တာနဲ့ တစ်ပြိုင်နက်

    
     ""ဦး ဦးဘာမှဖြစ်လို့မရဘူးလေ။ ဘာမှမဖြစ်ရဘူးလေ။ခဏလေးပဲနော် ခဏလေးပဲ
တောင့်ထားပါနော်။""

      ""ကလေး အဟွတ် ကလေး ဘာမှ ဖြစ်~ဖြစ်မသွားဘူးမလား။ အဟွတ်ဟွတ် ဦးကို ပြောပါဦး။""

      ""အဟင့် ကျွန်တော်ဘာမှမဖြစ်ပါဘူး။စကားတွေအများကြီးမပြောနဲ့နော် ဦး။""

      ""ဦး ကလေးကို ပေးစရာလေးရှိတယ်။""ဟုဆိုကာ အိတ်ကပ်ထဲက လက်စွပ်ဗူးလေးကို ထုတ်ပြီး Dracoကို ပေးလိုက်တယ်။

   
      ""ကလေး အဟွတ် ကိုယ်လေ မင်း~မင်းကို သိပ်ချစ်~ချစ်တယ် ကလေးရယ်။""ဆိုကာ အသက်မဲ့သွားခဲ့တယ်။

      "" ဦး ထပါဗျာ ကျွန်တော့်ကို မထားခဲ့ပါနဲ့ဗျာ။ ဘာမှမဖြစ်ပါနဲ့။ ကျွန်တော့်ကို ကြည့်ပါဦး။ ကယ်ကြပါဦးဗျာ။ အစ်ကို ကယ်ပါဦးဗျာ။""

     ""ကောင်လေး အစ်ကို စိတ်မကောင်းပါဘူးကွာ။ Mr.Severusက အသက်မရှိတော့ဘူး။""

     ""ဗျာ မဟုတ်ပါဘူး အဲ့လိုမပြောပါနဲ့ ဦးက မသေပါဘူးဗျ။""

အဲ့ချိန်မှာပဲ Luciusတို့ရောက်လာပြီး ရဲတွေနဲ့ စကားပြောနေတုန်း Nacissaက သူ့ဖြစ်သူနဲ့ Snapeကို တွေ့လိုက်ရတဲ့ အချိန်

The Rainy DayWhere stories live. Discover now