Part 3

145 28 24
                                    

'ကဲ သားရေ အိမ်ပြန်ရအောင် အိမ်မှာလည်းထမင်းစားဖို့ မာမီက စောင့်နေတယ်တဲ့ ဖုန်းဆက်ထားလို့'

'ဟုတ် Daddy Aww ဒါဆို ဦး ကျွန်တော်ပြန်တော့မယ်နော်။ ဒါနဲ့ ဦးရဲ့နာမည်က ဘယ်လိုခေါ်လဲဟင်' ဆိုပြီး မေးလိုက်တော့

'ဦးရဲ့နာမည်က Severus Snapeပါ။ ကောင်လေးနာမည်ကရော'

'ကျွန်တော့်နာမည်က Draco Malfoyပါ။ ဦး ကျွန်တော်ပြန်ပြီနော် Bye bye' ဆိုကာ နှုတ်ဆက်ပြီး ကားပေါ်တက်ကာ ပြန်သွားလေတယ်။

တစ်ယောက်ထဲကျန်ခဲ့တဲ့Snapeကတော့ ကောင်လေးရဲ့ အပြုံးကိုမြင်ပြီး ဘာရယ်မသိ ပြုံးပြုံးကြီးကျန်ခဲ့လေရဲ့

______________တစ်ဖက်မှာလည်း________

'Daddyက ဦးကလေ ကျွန်တော့်ကို တွေ့ရင် အမြဲပြုံးနေတာပဲနော်' ဟု ပြောတော့

'အမလေးကွာ ဦးကိုလည်း ပါးစပ်ထဲကချပါဦး' လို့ Luciusကပြောတော့ Dracoရှက်သွားပြီး

'အာာ Daddyကလည်း ကျွန် ကျွန်တော်က ဒီတိုင်းလေးပဲ ပြောတာပါဗျ'

'A prကွာ Daddyကရော သားကိုဘာပြောနေလို့လဲကွ' လို့ ပြုံးစပ်စပ်နဲ့ပြောပြန်တယ်

'ဟုတ်လား Daddy'

'ဘာကိုလဲကွ သားရယ် မင်းဟာက အစမရှိအဆုံးမရှိ ရှင်းအောင်ပြောပါကွာ' ဆိုပြီး မေးလိုက်တယ်

'Aww ဦးကိုပြောတာပါ Daddyရဲ့ အမြဲပြုံးနေတာပဲလား' လို့ ပြောတော့ Lucius ရယ်လိုက်တယ်

'အမလေးကွာ သားထင်လို့ပါ သူ့အကြောင်းကိုDaddyနဲ့Cissyသာ အသိဆုံးပဲ သူလား ပြုံးမှာ။ Daddyလည်းစဉ်းစားနေတာ Daddyတို့အရှေ့မှာတောင် 10နှစ်မှ တစ်ခါလောက်ပြုံးတာ သားရှေ့ရောက်မှ အမြဲပြုံးနေသလားလို့လေ။' လို့ပြောတော့ Dracoကလည်း

'Aww အဲ့လိုကြီးလား အင်းပေါ့လေ စီပွားရေးပညာရှင်တွေတိုင်းက အပြုံးနည်းကြတာပါပဲလေ အမြဲတမ်းလိုက်ပြုံးပြနေလို့မှ မရပဲ။' လို့သာ ပြောနေပေမယ့်လည်း ရင်ထဲမှာတော့ ပျော်နေသလိုလိုပဲ ဆိုပြီး တွေးမိတော့ ကိုယ့်ကိုကိုယ် ဘာရယ်မဟုတ် ပြုံးမိပြန်သေးတယ်

ဘေးက Luciusကလည်း တစ်ယောက်ထဲ တွေးချင်ရာတွေးပြီး ပြုံးနေတဲ့ သူ့သားဖြစ်သူကို ကြည့်ပြီး ရယ်မိပြန်သေးတယ်

################################

😍😍Love you all 😘😘
အားလုံးပဲ ဂရုစိုက်ကြပါရှင်
Thanks for Voting my Fic 💗💗

The Rainy DayTempat cerita menjadi hidup. Temukan sekarang