Part-5(U+Z)

88 13 6
                                    

အိမ်ပြန်ရောက်တော့ ရေမိုးချိုးထမင်းစားပြီး အချိန်ကြည့်လိုက်တော့ည 7နာရီ ထိုးပြီ မေမေဆီလည်းဖုန်းမဆက်ရသေးတာကြောင့် အိမ်ရှေ့ဧည့်ခန်းထဲကကြိုးဖုန်းဆီသွားပြီဖုန်းဆက်ဖို့ လုပ်လိုက်တယ်

"မေမေနေကောင်းရဲ့လား သားမရှိတော့အလုပ်တွေပုံနေပြီလား"

"မေမေနေကောင်းပါတယ်သားရယ် အလုပ်တွေကိုတော့စိတ်မပူ ပါနဲ့ မေမေအရင်ထဲက လုပ်နေကြဟာတွေပဲကို သားသာအေးအေးဆေးဆေးနားနေ"

"ဟုတ်ပါပြီမေမေရယ် ဒီမှာနေရတာသိပ်စိတ်ချမ်းသာဖို့ကောင်းတာပဲ ဆိုးလ်မှာလို လူတွေကားတွေနဲ့ရှုပ်မနေဘူး"

"အင်းပေါ့အင်းပေါ့...သားစိတ်ချမ်းသာရင်ပြီးတာပဲ မိတ်ဆွေတွေဘာတွေရောရှိရဲ့လား"

"ဟုတ်မေမေ ဘေးအိမ်မှာသိပ်လှတဲ့သူငယ်ချင်းတစ်ယောက်တော့ရှိတယ်"

"ငါ့သားကသိပ်လှတယ်ဆိုတော့မေမေတောင်တွေ.ချင်သွားပြီ"

"တစ်နေ့နေ့မေမေဆီခေါ်လာနိုင်အောင်တော့ကြိုးစားပါ့မယ်"

"သားပြောပုံရ အဲ့သူငယ်ချင်းကို သဘောကျနေပြီလား"

ငယ်ငယ်တည်းက အမေလိုတစ်မျိုးသူငယ်ချင်းလိုတစ်ဖုံရင်းရင်နှီးနှီးနေနဲ့မေမေကို Joon လျို့ဝှက်ချက်မထားပါ
အမေတစ်ခုသားတစ်ခုမဟုတ်လား တိုင်ပင်စရာဆိုလည်း မိသားစုဝင်ဆိုလို့မေမေတစ်ယောက်ထဲရှိတာမဟုတ်လား
ဒါကြောင့်ဒီတစ်ခါလည်း မေမေကိုပြောပြလိုက်တယ်

"သဘောကျတာထက်ပိုမယ်ထင်တယ်မေမေရေ...သူမကလေတကယ်လှတဲ့မိန်းကလေး လှတဲ့အပြင်အရမ်းအေးချမ်းတဲ့အမျိုးသမီးလေး သားထက်တော့တစ်နှစ်လောက်ငယ်တယ်"

"သားပြောပုံအရ သိပ်ချစ်ဖို့ကောင်းမှာကောင်မလေးကိုသားကချစ်နေပြီပေါ့"

"ဟုတ်နေပြီထင်ပါတယ် သူနဲ့ပိုပြီးရင်နှီးနိုင်အောင်တော့ကြိုးစားကြည့်ရမယ်"

"သားရွေးချယ်တဲ့လူမှန်မယ်လို့မေမေထင်ပါတယ်" တစ်ခုခုဆို အစွဲအလမ်းကြီးလွန်းတဲ့သားအတွက် သူမနည်းနည်းတော့စိတ်ပူမိတာအမှန်

Autumn Where stories live. Discover now