Part-11(U+Z)

73 13 4
                                    

11.11.1959

"အူဝဲ....အူဝဲ....." အောက်ထပ်ကကလေးငိုသံကြားလို့ 5နှစ်သားအရွယ်Yoongi တစ်ယောက်မျက်လုံးကိုပွတ်ရင်းအိမ်ပေါ်ကဆင်းလာခဲ့တယ်
ဧည့်ခန်းထဲရောက်တော့ မားမားလက်ထဲမှာချီထားတဲ့နီတာရဲလေး...

"မားမားအဲ့တာဘယ်သူလေးလဲ"

"ဒါသားသားညီမလေးဖြစ်လာမယ့်သူ"

"မားမားကချက်ချင်းကြီးမွေးလိုက်တာလား"

"သားကလည်းပေါက်ပေါက်ရှာရှာမေးရော့မယ် သားသားကြီးလာရင်မားမားပြောပြပါ့မယ်
ဒါနဲ့ဖေကြီးရေ သမီးလေးကိုဘယ်လိုနာမည်ပေးကြမလဲ"

"သူက ဆောင်ဦးမှာရောက်လာတော့ Ga Eulလို့ခေါ်ကြမယ်လေမား"

"သားပြောတဲ့နာမည်လေးလည်းလှတာပဲ အဲ့လိုပဲပေးလိုက်ကြတာပေါ့" အဲ့နေ့ကပြီးရောက်လာတဲ့ Ga Eulဟာတစ်အိမ်လုံးရဲ့ အသည်းကျော်အိမ်ဆည်းလည်းလေးဖြစ်လာခဲ့တယ်

_________________Autumn__________________

"ငယ်လေးရေ နှင်းတွေနဲ့သွားဆော့မလို့လိုက်မလား"

"ကိုကိုကလည်း ပါးနဲ့မားနဲ့ အေးတယ်ထွက်မဆော့နဲ့လို့မှာထားတာကို"
၅နှစ်အရွယ်ကလေးမလေးနဲ့ဆယ်နှစ်အရွယ်ကောင်လေးတို့ နှင်းရုပ်လုပ်ဖို့တိုင်ပင်နေကြတယ်

"ငယ်လေးကမဆော့ချင်ဘူးပေါ့ မဆော့ချင်လည်းပြီးတာပါပဲ ကိုကိုတစ်ယောက်ထဲပဲနှင်းရုပ်သွားလုပ်တော့မယ်"

"ကိုကိုကလည်း Ga Eul လည်းဆော့ချင်တာပေါ့ မေမေတို့ကမှာထားလို့ကို" ညီမလေးကအမြဲ ကျွန်တော်စိတ်ဆိုးမှာကြောက်တယ်

"ပါးနဲ့မားမှမရှိတာ ငယ်လေးရာ ခဏဆော့ပြီးပြန်ဝင်မှာပဲကို"

"အဲ့တာဆိုလည်းပြီးတာပါပဲ ငယ်လေးလည်းလိုက်မယ်"

နှစ်ယောက်သားနှင်းလူရုပ်လုပ်ပြီးလို့နှင်းတောထဲပြေးကစားနေရင်း

"ကိုကိုရေလာပါဦး"
နောက်ကလိုက်နေတဲ့ညီမလေးကိုလှည့်ကြည့်လိုက်တော့နဲ့လဲကျနေတယ်

"ငယ်လေးဘာဖြစ်တာလဲ" Yoongi တစ်ယောက်တစ်ကိုယ်လုံးပူထူပြီးGa Eul ဆီပြေးသွားတယ်

Autumn Where stories live. Discover now