Part-10(U+Z)

68 10 4
                                    

သားဟာအကြောင်းစုံသိပြီးထဲက အစားလည်းပုံမှန်မစား
တစ်ချိန်လုံးမိန်းကလေးနာမည်ကိုသာရေရွတ်နေတယ်

မနက်မိုးလင်းတာနဲ့အဲ့ဘက်အိမ်ကိုထွက်သွားပြီးညနေစောင်းတော့မှသူမနည်းပြောပြီးပြန်ခေါ်ရတယ် သားဟာတကယ်ကိုဆေးစွဲနေတဲ့လူတစ်ယောက်လိုပဲ

ညဘက်တွေလည်းအိပ်ပုံမရတဲ့သားဟာမျက်တွင်းတွေဟာညိုမဲပြီးမျက်နှာကလည်းအများကြီးချောင်ကျသွားလိုက်တာ...သားကိုကြည့်ရင်သူ့မှာရင်ထဲမကောင်း မေမေဘယ်လိုလုပ်ပေးနိုင်မလဲသားငယ်ရယ်...

တပတ်လောက်ကြာတဲ့အထိJoonတစ်ယောက်ပုံမှန်မဟုတ်
သူ့စိတ်ထဲအခုထိနားမလည်နိုင်သေးဘူးနားမလည်နိုင်တာထက်လက်မခံချင်တာကပိုများနေတယ်
Autumn ကိုသူတကယ်တွေဆုံခဲ့ရတာပါ ဘာလို့ဒီလိုမျိုးအခြေအနေကြီးနဲ့ကြုံရတာလဲ
Autumn ကပြန်မချစ်ရင်တောင်သူလက်ခံနိုင်သေးတယ်ဒီဖြစ်စဉ်ကြီးကိုတော့လုံးဝငြင်းဆန်နေမိတယ်
နှလုံးသားကအစိတ်စိတ်အမွှာမွှာကွဲနေသလိုပဲ
ကြိုးစားခွင့်လေးတောင်မရှိဘဲပျောက်ကွယ်သွားတဲ့ဖြစ်တည်မှုလေး...

"အာ....ငါဘာထိုင်လုပ်နေတာပါလိမ့် Autumn ကပြန်ရောက်ချင်ရောက်နေမှာ ဟိုဘက်အိမ်သွားရမယ်" ကုတင်ပေါ်မှထလိုက်တော့မျက်စိကပြာဝေသွား ခြေလှမ်းတစ်လှမ်းလောက်လှမ်းပြီး လောကကြီးကအမှောင်အတိ....

Joonမေမေတစ်ယောက်အခန်းထဲကသားကို မနက်စာလာကျွေးတော့တံခါးဖွင့်ဖွင့်ခြင်းကြမ်းပြင်ပေါ်ပစ်လဲသွားတဲ့သား....

"Autumn....."
Joonတစ်ယောက်ခေါ်နေလည်းautumn ကလှည့်မကြည့် အမျိုးသားတစ်ယောက်နဲ့စကားပြောပြီးရီမောနေတယ် သူ့ကိုနှစ်ယောက်လုံးတွေ့ပုံမရ

အခုမှသူသတိထားမိတာကသူကဟိုဘက်အိမ်ထဲမှာ

စန္ဒယားခုံပေါ်မေးလေးကိုလက်ထောင်ရင်းပြုံးနေတဲ့ Autumn

တစ်ဖက်မှာက ဖြူဖွေးနေတဲ့အသားအရေနဲ့ ကြည့်ကောင်းတဲ့အမျိုးသား

"သူ့ကိုသိသလိုပဲ.."
စန္ဒယားတီးတာကိုရပ်ရင်းနှစ်ယောက်လုံးသူ့ဘက်လှည့်လာရင်း.....

Autumn Where stories live. Discover now