Part-14(U+Z)

122 13 9
                                    

ဒီနေ့ Yoongi အထက်တန်းကျောင်းဆင်းပွဲနေ့ဖြစ်လို့မိသားစုစုံစုံညီညီနဲ့ ပျော်နေကြသည်။

ပါးပါးကကင်မရာကိုင် သူတို့သားမိသုံးယောက်ကိုရိုက်ပေးရင်း

"ပါးပါး မောင်နှမနှစ်ယောက်ထဲပုံရိုက်ပေးဦး"

"ဟုတ်ပြီဟုတ်ပြီ"

"မိသားစုပုံလည်းရိုက်ရအောင်လေ"

"ဘယ်သူ့ကိုရိုက်ခိုင်းရမလဲ"

"ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကိုသွားခေါ်လိုက်မယ်"

နောက်ပြီးပျော်ရွှင်စရာကောင်းတဲ့မိသားစုပုံနဲ့မောင်နှမ
နှစ်ယောက်ရဲ့အလှဆုံးအပြုံးတွေနဲ့ ဓာတ်ပုံဟာအိမ်ဦးခန်းမှာနေရာယူလျက်...။

ကျောင်းပြီးသွားတဲ့ Yoongi ဟာ စန္ဒယားတီးလိုက် ဂီတာတီးလိုက်တဲ့ ဘဝကိုပေါ့ပေါ့ပါးပါးဖြတ်သန်းနေခဲ့သည်။
Yoongiရဲ့ လက်သံဟာမြို့နယ်အတွင်းဟိုးလေးတကျော်ကျော်ဖြစ်လာပြီး သူမပါတဲ့ပွဲရယ်လို့မရှိလောက်အောင် မြို့ကကျင်းပတဲ့ ပွဲတိုင်းမှာစန္ဒယားဝင်တီးလေ့ရှိသည်။တစ်စတစ်စကျော်ကြားလာတဲ့ Yoongiကိုပွဲစီစဉ်သူများကလည်း လက်လွှတ်မခံပွဲတိုင်းလိုလို မပါပါအောင်ခေါ်ပြီးပွဲထုတ်ကြသည်။ ဒါဟာအောင်မြင်မှုပေမယ့် ပျော်စရာမကောင်းခဲ့ပါ။

"Yoongi မင်းလမ်းသလားနေတာရပ်တန်းကရပ်တော့နော်
တက္ကသိုလ်တွေလည်းတက်ရတော့မယ် ဘယ်ကျောင်းလျှောက်ဖို့စိတ်ကူးထားလဲ"

"ကျွန်တော်အနုပညာကျောင်းပဲတက်ဖို့ရည်ရွယ်ထားပါတယ်"
မင်သေသေနဲ့ပြန်ပြောလာတဲ့ Yoongiစကားအဆုံး Mr.Minမျက်နှာမှာအလိုမကျမှုတွေလွှမ်းလာပါသည်။

"အရူးမထနဲ့ဟေ့ကောင် မင်းစန္ဒယားတီးတယ်ဆိုတာအပျော်မလို့ ငါလွှတ်ထားတာ ဘဝတစ်ခုလုံးအတွက်တော့ဒီအရေမရအဖက်မရ အနုပညာကိုလုပ်ဖို့မစဉ်းစားနဲ့ မင်းအမှတ်ကလည်းကောင်းတာပဲ စီးပွါးရေစီမံပဲတက်ရမယ်"

"ပါးဘယ်လိုတောင်ပြောရက်တာလဲ ကျွန်တော်ဒီလောက်မြတ်နိုးတဲ့အရာကို ပါးမလို့အရေမရအဖက်မရလို့ပြောရက်တယ် ကျွန်တော့်ဆုံးဖြတ်ချက်လုံးဝမပြင်နိုင်ဘူး"

You've reached the end of published parts.

⏰ Last updated: Dec 25, 2021 ⏰

Add this story to your Library to get notified about new parts!

Autumn Where stories live. Discover now