Part-12(U+Z)

53 11 2
                                    

ညီမလေးနဲ့မခေါ်ရတဲ့တစ်ပတ်တာဟာ ပျင်းရိငြီးငွေ့ဖွယ်အတိ...။

ည၉နာရီ

ပါးပါးရောမားမားရောအိပ်သွားပြီထင်သည်။ညီမလေးအခန်းနားကိုခြေဖော့၍အသံမမြည်အောင်သွားလိုက်သည်။

အခန်းတံခါးကို အသာလေးဖွင့်ကြည့်တော့ ညီမလေးကခေါင်းထောင်ကြည့်လာသည်။သူလည်းအိပ်မပျော်ဘူးထင်ပါရဲ့...။

"ကိုကို"

"ငယ်လေး"

"ကိုကို ဘာလာလုပ်တာလဲဟင် ပါးပါးသိရင် အပြစ်ထပ်ပေးခံရဦးမယ်"

"သိပါတယ် ကိုကိုကငယ်လေးကိုတွေ့ချင်လို့အရဲစွန့်လာတာကို"

"ငယ်လေးရောကိုကိုလွမ်းနေတာ" ဆိုပြီးတိုးဝေ့ချွဲလားတဲ့အသဲအသက်လေး။

နှစ်ယောက်သားပြတင်းပေါက်ကနေတဆင့်တစ်ယောက်ပခုံးတစ်ယောက်ဖက်ထားရင်လမသာတဲ့ကောင်းကင်ပြင်ကျယ်ကိုလှမ်းကြည့်နေကြသည်။

"ဒီနေ့တော့လလည်းမသာဘူးနော် ကိုကို"

"အင်းဟုတ်တယ် ဒီညကလကွယ်ညလေ"

"လမရှိတော့ကောင်းကင်ကြီးကတစ်မျိုးပဲ တစ်ခုခုလိုနေသလိုမျိုး"

"ဒါတော့ဒါပေါ့ငယ်လေးရဲ့ ဒါပေမဲ့သေချာကြည့်ကြည့် ဒီလိုညမျိုးဆို ကြယ်လေးတွေကပိုလှတယ် လမင်းကြီးရှိရင်သူတို့ကလမင်းကြီးရဲ့အလင်းအောက်မှာသိပ်မလင်းနိုင်ကြတော့ဘူးလေ"

"အဲ့တာလေး ဟုတ်တယ်နော်ဒီညကြယ်လေးတွေကပိုလှတယ်"
မောင်နှမနှစ်ယောက်ရဲ့ဖြူစင်သောချစ်ခြင်းမေတ္တာတွေနဲ့ ညလေးကဟာသာယာလွန်းလှပါသည်။
ဒီညလေးဟာလေးကလေးဘဝရဲ့မေ့မရနိုင်တဲ့လွမ်းစရာအတိတ်ညလေးပင်...။

သမီးငယ်အခန်းထဲကိုသားဖြစ်သူခိုးဝင်သွားတာကို Mr.Minသိပါသော်လည်း မသိကျိုးကျွန်ပြု၍သာနေ
လိုက်ပါသည်။
မောင်နှမနှစ်ယောက်ရဲ့သံယောဇဉ်ကိုနားလည်သည်မို့...။

အရွယ်ရောက်လာတာနဲ့ တဖြည်းဖြည်းချင်းလှသထက်လှလာတဲ့ ညီမလေးကိုကြည့်ရင်းသူမှာစိတ်မချတွေဖြစ်လို့။

ဒါတောင်အလယ်တန်းကျောင်းသူ ၁၃နှစ်အရွယ်။
သွယ်သွယ်လျလျခန္ဓာကိုယ်လေးမှာကျောင်းဝတ်စုံ အနက်ဝမ်းဆက်လေးကပနံသင့်လှစွာ၊ နက်နက်မှောင်နေသောဆံပင်တွေကိုဖဲကြိုးလေးနဲ့စည်းထားရုံနဲ့ ဆေးကူ
စရာမလိုတဲ့မျက်နှာနုနုကပြီးပြည့်စုံနေပြီ...။
လှလွန်းသောညီမငယ်...။

Autumn Where stories live. Discover now