ဇာတ်လမ်း အကျဥ်း

2.2K 110 2
                                    

ဇာတ်လိုက်မင်းသမီးနေရာကို တစ်စုံတစ်ယောက် ဝိညာဉ်ကူးပြောင်းရောက်ရှိလာပြီး ဇာတ်လိုက်ပီပီ ရွှေရောင် ကိုယ်ရောင်ကိုယ်ဝါတွေ ဖြန့်ကျက် လင်းလက်ပေးနိုင်ဖို့ ကြိုးစားတော့တယ်။ (ဇာတ်လိုက်ဆက်ဖြစ်နေဖို့ ဇာတ်လိုက်ပီသနေဖို့ သူများကို လွှမ်းမိုးနိုင်မဲ့ အရာတွေလုပ်တယ်၊ ဇာတ်လိုက်တွေ ရထိုက်တဲ့ သိုင်းကျမ်းတွေ ရတနာတွေ လိုက်စုတယ်)

ဗီလိန်ဆန်ဆန်နေရာကိုလဲ ဝိညာဉ်ကူးပြောင်းသူတစ်ဦးရောက်လာပြီး အမြှောက်စာ အရံဇာတ်ကောင်အဖြစ်နဲ့ သေရမဲ့ ကံကြမ္မာကို ရှောင်လွှဲဖယ်နိုင်ဖို့ အပတ်တကုတ်ကြိုးစားနေလေရဲ့။

အဲ့ဒီမှာ ဖြတ်လျှောက်ထက်ပိုရုံ၊ အရံဇာတ်ကောင်နေရာကို ဝိညာဉ်ကူးပြောင်းလာသူတစ်ယောက်ရှိတယ်။ သူမကတော့ အဆုံးမရှိ ဘယ်တော့မှ မပြည့်နိုင်ပုံရတဲ့ အစာအိမ်ထဲ အစာတွေ မြိုလို့ သိပ်လို့ ထည့်လို့နဲ့ အလုပ်တွေ ရှုပ်နေသတဲ့။ လက်တစ်ဖက်က နတ်လက်နက်ဓားရတနာကို ကိုင်ပြီး နောက်လက်တစ်ဖက်ထဲမှာ ပေါက်စီလေးကို ပွေ့လို့။ သူမက လိမ္မာတယ်၊ ပြောစကားနားထောင်တယ်၊ ချစ်စရာကောင်းတယ်၊ ယောင်နနလေး၊ စကားပြောရင်လဲ သူ့စကားလုံးတွေကို နှမြောနေတာလား မသိဘူး၊ မတရား ကပ်စေးကုပ်တယ်။ ဆိုတော့ကာ သူမက ရွှေရောင်ဆံပင်ပိုင်ရှင် အချောလေးကို တွေ့တဲ့အခါမှာ တိုတိုတုတ်တုတ်ဘာပြောသလဲဆိုတော့...

ဖုန့်ဝူ : "ငါ့ကို လက်ထပ်...!"

မင်ရှီး : ...

အဆံချောင်နေပေမဲ့ မဟားတရား အစွမ်းထက်နေတဲ့ ကောင်မလေးတစ်ယောက် Coiling Dragon ထဲကနဲ့ ခပ်ဆင်ဆင် လောကမှာ လျှောက်သွားနေတဲ့ ဝတ္ထုပေါ့ကွယ်။ ဒီဇာတ်လမ်းမှာတော့ တရုတ်ပေါဝတ္ထု အပ်ကြောင်းထပ် ဇာတ်ကြောင်းတွေ လာပြီး ဆုံတွေ့ကြတာကို စိတ်ဝင်စားစရာကွန်ယက်တွေလို တွေ့ရမှာပါ။
[Coiling Dragon/ Pan long ဆိုတာ စာရေးသူ I Eat Tomato ရဲ့ နာမည်ကျော် ရှန်းရှဝတ္ထုပါ]

_

[Zawgyi]

ဇာတ္လိုက္မင္းသမီးေနရာကို တစ္စုံတစ္ေယာက္ ဝိညာဥ္ကူးေျပာင္းေရာက္ရွိလာၿပီး ဇာတ္လိုက္ပီပီ ေ႐ႊေရာင္ ကိုယ္ေရာင္ကိုယ္ဝါေတြ ျဖန္႔က်က္ လင္းလက္ေပးႏိုင္ဖို႔ ႀကိဳးစားေတာ့တယ္။ (ဇာတ္လိုက္ဆက္ျဖစ္ေနဖို႔ ဇာတ္လိုက္ပီသေနဖို႔ သူမ်ားကို လႊမ္းမိုးႏိုင္မဲ့ အရာေတြလုပ္တယ္၊ ဇာတ္လိုက္ေတြ ရထိုက္တဲ့ သိုင္းက်မ္းေတြ ရတနာေတြ လိုက္စုတယ္)

ဗီလိန္ဆန္ဆန္ေနရာကိုလဲ ဝိညာဥ္ကူးေျပာင္းသူတစ္ဦးေရာက္လာၿပီး အေျမႇာက္စာ အရံဇာတ္ေကာင္အျဖစ္နဲ႔ ေသရမဲ့ ကံၾကမၼာကို ေရွာင္လႊဲဖယ္ႏိုင္ဖို႔ အပတ္တကုတ္ႀကိဳးစားေနေလရဲ႕။

အဲ့ဒီမွာ ျဖတ္ေလွ်ာက္ထက္ပို႐ုံ၊ အရံဇာတ္ေကာင္ေနရာကို ဝိညာဥ္ကူးေျပာင္းလာသူတစ္ေယာက္ရွိတယ္။ သူမကေတာ့ အဆုံးမရွိ ဘယ္ေတာ့မွ မျပည့္ႏိုင္ပုံရတဲ့ အစာအိမ္ထဲ အစာေတြ ၿမိဳလို႔ သိပ္လို႔ ထည့္လို႔နဲ႔ အလုပ္ေတြ ရႈပ္ေနသတဲ့။ လက္တစ္ဖက္က နတ္လက္နက္ဓားရတနာကို ကိုင္ၿပီး ေနာက္လက္တစ္ဖက္ထဲမွာ ေပါက္စီေလးကို ေပြ႕လို႔။ သူမက လိမၼာတယ္၊ ေျပာစကားနားေထာင္တယ္၊ ခ်စ္စရာေကာင္းတယ္၊ ေယာင္နနေလး၊ စကားေျပာရင္လဲ သူ႔စကားလုံးေတြကို နေျမာေနတာလား မသိဘူး၊ မတရား ကပ္ေစးကုပ္တယ္။ ဆိုေတာ့ကာ သူမက ေ႐ႊေရာင္ဆံပင္ပိုင္ရွင္ အေခ်ာေလးကို ေတြ႕တဲ့အခါမွာ တိုတိုတုတ္တုတ္ဘာေျပာသလဲဆိုေတာ့...

ဖုန္႔ဝူ : "ငါ့ကို လက္ထပ္...!"

မင္ရွီး : ...

အဆံေခ်ာင္ေနေပမဲ့ မဟားတရား အစြမ္းထက္ေနတဲ့ ေကာင္မေလးတစ္ေယာက္ Coiling Dragon ထဲကနဲ႔ ခပ္ဆင္ဆင္ ေလာကမွာ ေလွ်ာက္သြားေနတဲ့ ဝတၳဳေပါ့ကြယ္။ ဒီဇာတ္လမ္းမွာေတာ့ တ႐ုတ္ေပါဝတၳဳ အပ္ေၾကာင္းထပ္ ဇာတ္ေၾကာင္းေတြ လာၿပီး ဆုံေတြ႕ၾကတာကို စိတ္ဝင္စားစရာကြန္ယက္ေတြလို ေတြ႕ရမွာပါ။
[Coiling Dragon/ Pan long ဆိုတာ စာေရးသူ I Eat Tomato ရဲ႕ နာမည္ေက်ာ္ ရွန္းရွဝတၳဳပါ]

ကျင့်ကြံခြင်းလောကတစ်ခွင်ဝယ် စွန့်စားမယ်Where stories live. Discover now