အခန်း (၄) ညအချိန်မတော် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း

638 113 17
                                    

Burmese Translation of 呆呆少女异世行 by Author 慕凌彬

အခန်း (၄) ညအချိန်မတော် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း

TRANSLATOR - SHARR

--------------------

ဒီနေ့က ကံဆိုးတာပဲ။

ညဥ့်နက်ချိန်အရောက်တွင် တစ်ရွာလုံး မီးတောက်များစွဲနေပြီး အော်သံများနှင့် ပြည့်နှက်နေတယ်။ ကြံရာမရ အော်ဟစ်ငိုယိုအကူအညီတောင်းသံတွေကို ပရမ်းပတာဆူညံပွက်လောရိုက်နေအောင် ကြားနေရတယ်။ အသေကောင်လို အိပ်ပျော်နေကျ ဖုန့်ဝူတောင်မှ အိပ်မောကျနေရာက နိုးလာခဲ့တယ်။ ဉာဏ်ကောင်းလှတဲ့ ပေါက်စီလေးလည်း နိုးလာခဲ့ပြီး အဆက်မပြတ် အော်ငိုကာ အရမ်းကို ချစ်စဖွယ်မကောင်း၊ ရှုံ့မဲ့နေတဲ့ မျက်နှာနဲ့ သူ မကျေမနပ်ဖြစ်နေကြောင်း ပြပါလေရော။

ဖုန့်ဝူ အဝတ်ပုံထဲက အဝတ်အချို့ကို ဆွဲယူလိုက်ပြီး မြန်နိုင်သမျှ မြန်မြန်ဝတ်ဆင်ကာ အပြင်ဘက်ကို ထွက်လာခဲ့တယ်။ သူမ အိမ်ဝင်းနံရံများမှ ချောင်းကြည့်လိုက်တော့ မြင်ကွင်းမှာ ထိတ်လန့်အံ့အားသင့်ရလောက်အောင်ကို ပတ်ဝန်းကျင်တစ်ခုလုံးက နီရဲရဲသွေးများ၊ မီးတောက်များနဲ့ ဖြစ်နေတယ်။ ရွာသားများမှာ သူတို့အိုးအိမ်စည်းစိမ်ကို ခုခံကာကွယ်နိုင်ရန် အစွမ်းရှိသမျှ ကြိုးစားတိုက်ခိုက်နေကြပေမယ့် ရွာကို တိုက်ခိုက်နေကြတဲ့သူတွေအတွက် ရွာသူရွာသားတွေက ပြိုင်ဘက်မဟုတ်တာကို သူမ မြင်နေရတယ်။

ဒီလူဆိုးတွေက ကွန်ဖူးကို မကောင်းမှု ကျူးလွန်တဲ့နေရာမှာ သုံးနေကြတယ်။ ဖုန့်ဝူက သူမဆရာသင်ပေးခဲ့တာတွေကို ပြန်စဥ်းစားမိလိုက်တယ်။

သူမဆရာက ဓားရေးလေ့ကျင့်တဲ့သူတွေဆိုတာ လူဆိုးတွေနဲ့ တွေ့ရင် တိုက်ခိုက်ဖို့ အကောင်းဆုံး ကြိုးစားရမယ်တဲ့။ ဒါပေမယ့် သူက တစ်ဖက်လူရဲ့ စွမ်းရည်ကို ထည့်တွက်ဖို့ကလည်း အရေးကြီးတယ်လို့ ထပ်ပြောသေးတယ်။ အင်အားခြင်း ကွာဟချက်က အရမ်းကြီးမားနေရင် မစွန့်စားတာ ပိုကောင်းတယ်တဲ့။

ဖုန့်ဝူ သူမကိုယ်သူမ အလျင်အမြန် စမ်းစစ်ကြည့်လိုက်တော့ သူမကျင့်ကြံဆင့်က အရမ်းနိမ့်နေတာကို သိလိုက်ရတယ်။ အရင်တုန်းက ကလေးမွေးပြီးနောက် ထိခိုက်လာတဲ့ သူမကိုယ်ကို ပြန်လည်ကုစားဖို့ပဲ အာရုံစိုက်နေခဲ့တာ။ သူမအတွင်းအား ပြန်လည်တည်ဆောက်ပြီး သိုင်းပညာကို စတင်လေ့လာတာ ရက်အနည်းငယ်ပဲ ရှိသေးတယ်။ သူမနဲ့ သူတို့ရဲ့ အင်အားကွာခြားမှုကို စဥ်းစားကြည့်လိုက်တယ်။ သူမ သေချာပေါက် ရှုံးလိမ့်မယ်။ အဲ့လိုနားလည်သဘောပေါက်သွားတော့ သူမ စိတ်ဓာတ်ကျသွားပါရော။ ဒါပေမယ့် သူမက သူတို့ကို မရိုက်နိုင်ရင် ပုန်း၊ မပုန်းနိုင်ခဲ့ရင် ပြေး၊ ကိုယ့်အသက်ကို တန်ဖိုးထားဆိုတဲ့ ဆရာအမိန့်ကို နာခံဖို့ပဲ ဆုံးဖြတ်လိုက်တယ်။

ကျင့်ကြံခြင်းလောကတစ်ခွင်ဝယ် စွန့်စားမယ်Where stories live. Discover now