Title-Joker
Main leads-Jung Hoseok
-Youပျင်းရိဖွယ်ကောင်းသော တနင်္ဂနွေနေ့မနက်ခင်းဝယ် စာကြည့်စားပွဲပေါ်ခေါင်းငိုက်စိုက်ကာ မှောက်အိပ်နေသော သူမ။
ထိုစဉ်ဝင်လာသောဖုန်းတစ်ကောလ်.....
*Waiting for your Anpanman.......
Waiting for your Anpanman.......*"Yeobosaeyo?...."
"Chingu-ya Haemi ပါ"
"အွန်း ဟယ်မီပြောလေ....."
"ငါတို့ဒီနေ့အသစ်ဖွင့်တဲ့ကစားကွင်းကိုသွားရအောင်နော် ချင်းဂု....."
"ဘယ်ကစားကွင်းလဲ?...."
"Hope World လေမသိဘူလား?!"
"ဪ အဲ့ဒါလား မသိဘူး...."
"အေးအေး ငါလာခေါ်မှာပြင်ဆင်ထားလိုက်!"
ပြောချင်ရာပြောပြီးဖုန်းချသွားသောဟယ်မီအား ကျိန်ဆဲလိုက်မိသည်။ သူမကလိုက်မယ်တောင်မပြောမိ သူကအတင်းကိုဖြစ်နေ.....
သူမလည်းရေမိုးချိုးပြီး အစိမ်းရောင် ဆွယ်တာလက်ရှည်နှင့် အောက်မှဂျင်းဘောင်းဘီရှည်တစ်ထည်တွဲဝတ်လိုက်သည်။ မိတ်ကပ်ကို Natural ဆန်ဆန်ပဲလိမ်းကာ ဆံနွယ်ရှည်တွေကို စုချည်ကာဆံထုံးမြင့်မြင့်ထုံးလိုက်သည်။ အနက်ရောင် Gucci စလွယ်သိုင်းအိတ်ကလေးကိုလွယ်ကာ မှန်ထဲတွင်ကိုယ့်ကိုကိုယ်ချီးမွန်းခန်းဖွင့်နေစဉ်......
*Ting Tong......Ting Tong......*
ဟယ်မီရောက်လောက်ပြီထင်တယ်.....
နောက်ဆံုးတစ်ကြိမ်မှန်ထဲကိုပြန်ကြည့်ကာ အခန်းထဲမှထွက်ခဲ့တော့သည်။အိပ်အောက်ထပ်ေရာက်ေတာ့ Maid တစ်ဦးဧည့်ဝတ်ပြုထားသော Juice ကိုအရာသာခံကာသောက်နေသည့် သူမရဲ့သူငယ်ချင်းအားတွေ့လိုက်ရသည်။
"Omo! Wuri Chingu ကတကယ့်ကိုCutie လေးပဲ ကောင်လေးတွေတော့ကြွေတော့မှာပဲ"
"မြှောက်မနေပါနဲ့အေ နင့်ကိုငါဘာမှဝယ်မကျွေးနိုင်ဘူး ဟယ်မီမ"
သူမကိုမြင်သည်နှင့် အမွှန်းတင်နေသောသူငယ်ချင်းကြောင့် သူမမြောက်ကြွမြောက်ကြွပင်ဖြစ်ချင်သွား၏။ သို့သော်လည်းကပ်စီးတော့ကုပ်လိုက်သေး၏။
![](https://img.wattpad.com/cover/275709948-288-k112521.jpg)
YOU ARE READING
✯𝑷𝒖𝒓𝒑𝒍𝒆 𝑯𝒆𝒂𝒓𝒕𝒔✯BTS Oneshot Collection
FanfictionBTS 💜 ARMY Myanmar Fanfiction Zawgyi and Unicode For Purple Ladies who love our seven angles. ခရမ်းရောင်လွှမ်းသော နှလုံးသားသည် ခရမ်းရောင်အချစ်ဖြင့်ချစ်မိခဲ့သည်။ ဤခရမ်းရောင်နှလုံးသားသည်လည်း ဤနတ်သားလေး ခုနှစ်ဖော်ကြောင့် ရှင်သန်ခဲ့သည်။ ခရမ်းရောင်လွှမ်...