Not him

178 38 7
                                    

Title-Not him

Main leads-Min Yoongi
-You

Ft-Lee Heeseung

....⚜️....

အေးချမ်းသောမနက်ခင်းတစ်ခု၌ အိပ်ရာမှနိုးထလာသောသူမ။ မှန်ပြတင်းကိုကာထားသော အဖြူရောင်ပိုးလိုက်ကာတို့အား ဆွဲဖယ်လိုက်ကာ အပြင်ဘက်သို့ငေးကြည့်နေမိသည်။

"ဆောင်းဥတုရဲ့ ပထမဦးဆုံးအကြိမ်အဖြစ် နှင်းတွေတောင်ကျနေပြီပဲ"

သူမတစ်ကိုယ်တည်းရည်ရွတ်ကာ နှင်းစက်မှုန်တို့အား ငေးကြည့်နေမိသည်။

တစ်ချိန်တည်းတွင် တစ်ခါကအမြတ်တနိုးချစ်ခဲ့ဖူးသောလူသားအကြောင်းက ခေါင်းထဲသို့ရောက်လာသည်။

....⚜️....

"Min နှင်းတွေကျနေပြီ! စက်ဘီးကိုရပ်.... အခုရပ်လိုက်လို့..."

စက်ဘီးကိုချယ်ရီပင်ကြီးအောက်တွင် ကျွီခနဲရပ်လိုက်တော့ Min ၏ခါးပေါ်မှသူမလက်တို့ကိုဆွဲဖယ်လိုက်သည်။

လက်နှစ်ဖက်ကိုပူးကပ်ကာ ဆုတောင်းနေသောသူမအား ကြည့်နေသော Minသည် နှင်းပွင့်များနှင့်အပြိုင်ဖြူဖွေးနေ၏။

"Min နင်ဘာဆုတောင်းလိုက်လဲ?"

"မပြောပါဘူး..."

Min ၏အဖြေကြောင့်ဆူပုတ်သွားသော သူမနှုတ်ခမ်းတို့အား Minကလိမ်ဆွဲလိုက်သည်

"သွားမယ်အရူမလေး..."

စက်ဘီးပေါ်တက်နှင့်ပြီဖြစ်သော Min အားပြုံးပြုံးလေးကြည့်ကာ သူမလည်းစက်ဘီးပေါ်ခွတက်လိုက်သည်။

ထို့နောက်သူ၏ခါးအား အသာဖက်လျက်။

စက်ဘီးလေးကလည်း ဒယ်ဂူမြို့၏ချယ်ရီလမ်းလေးအတိုင်းတရွေ့ရွေ့လိမ့်လျက်။

သူမသည် *မင်ယွန်းဂီဆိုသောလူသားကို ပိုင်ဆိုင်ရပါလို၏*ဟုဆုတောင်းခဲ့မိကြောင်းကို ချစ်ရသူ Min အားမပြောမိခဲ့။

✯𝑷𝒖𝒓𝒑𝒍𝒆 𝑯𝒆𝒂𝒓𝒕𝒔✯BTS Oneshot CollectionМесто, где живут истории. Откройте их для себя