Rose နဲ့ Jennie တို့ကစားသောက်ပီးသွားသောကြောင့်အတန်းထဲသို့သွားခဲ့သည်။
Jennie:နင်မနေ့ကအိမ်စာတွေပီးသွားပီလား?ငါတော့ပီးပီ
Rose:ငါလည်းပီးပီ
Jennie:ငါ့အထင်တော်တော်များများမပီးဘူးထင်တယ်။အခုတောင်မပီးတဲ့သူတွေရေးနေတယ်
Rose:ဟုတ်သား။ဒါနဲ့ဟိုမာနကြီး Jisoo ပီးပီလားမသိဘူး။
Jennie:ကြည့်ရတာပီးပီထင်တယ်
Rose:သူကတော့ချေတာရောမာနကြီးတဲ့နေရာမှာနှစ်ယောက်မရှိပဲ။သူ့သူငယ်ချင်း Lisaကမှသဘောကောင်းသေးတယ်။ငါပျင်းလို့သူ့ကိုစကားသွားပြောရင်သူ့ကိုငါ့ဆိုအမြဲသူများထက်တောင်ပိုမောင်းထုတ်သေးတယ်။နင့်ကျတော့ငါလောက်မမောင်းထုတ်ဘူး။ဒါမယ့်နင့်လဲမောင်းထုတ်တာပါပဲ(မာနကြီး Jisoo )
Jennie:A ဟုတ်တယ်။ငါ့ဆိုလည်းမောင်းလိုက်တာအားကြီးပဲ
(Kim Jisoo ဆိုသည်မှာအတန်းထဲတွင် မာနအရှိဆုံး၊အချေဆုံး၊အချမ်းသာဆုံး၊ပြီးပြည့်အစုံဆုံးဖြစ်သလို သူမအားလူများကအကြောက်ရဆုံးနဲ့သူ့မအကြောင်းကိုအတင့်အပြောဆုံးဖြစ်သည်။ထိုအခိုက် Jisoo ကရုတ်တရက် Rose နဲ့ Jennieတို့နားကနေဒေါက်ဖိနပ်ကိုဆောင့်ကာဖြတ်သွား၏
Rose:ကြောက်ပါတယ်ရှင်
Jennie:လန့်လိုက်တာဟယ်
မကြာခင်ကျောင်းတက်ပြီးစာသင်ချိန်ရောက်သွား၏။
ကျောင်းဆင်းသောအခါ
Rose နဲ့ Jennieကအတူတူလမ်းလျှောက်နေစဉ်သူတို့အရှေ့မှ Jisoo ရဲ့ကားကအမြန်အတင်းဖြတ်သွားသည်။Jisoo ကကားကိုမောင်းပီးသူ့ဘေးခုံတွင်သူ့သူငယ်ချင်း Lisa ရှိ၏။Jisoo ကတော့ Roseနဲ့Jennie တို့ကိုမကျေတဲ့အကြည့်နဲ့ကြည့်ပီး Lisa ကတော့သူတို့ကိုတောင်းပန်ချင်နေတဲ့အကြည့်နဲ့ကြည့်နေသည်။
Rose:ငါ့ကိုသူကတော့သူ့အတင်းပြောလို့ဆိုပီးသူ့အစွမ်းတွေထုတ်ပြနေတယ်။ငါလုပ်လိုက်ရ
Jennie:စိတ်လျှော့ပါဟာ။နင်လည်းဘာမှမဖြစ်ပဲနဲ့။သူကအကုန်ပိုင်တယ်ဟ။သွားလုပ်ရင်ငါတို့ကိုအတန်းပိုင်နဲ့တိုင်ပီးကျောင်းထုတ်ခိုင်းနေဉီးမယ်။ပီးရင်သူမကျေနပ်သေးရင်ငါတို့ကပြသနာလာရှာဉီးမယ်
Rose:အဲ့တာတွေကြောင့်ငါသူ့ကို$မြင်ကတ်တာ
Jennie:ငါလည်းအမြင်ကတ်တာပါပဲ။သူ့ရဲ့သူငယ်ချင်းကသဘောကောင်းသလောက်သူကျေတာ့ပြောင်းပြန်
ထို့နောက် Rose ကစက်ဘီးကိုနင်းပီးအိမ်ပြန်လိုက်တယ်။အိမ်ရောက်တော့ Rose ကကုတင်ပေါ်ကိုလွယ်အိတ်ေရာကိုယ်ရောပစ်တင်ချလိုက်တယ်။ထို့နောက်သူ့မျက်လုံးကနေမျက်ရည်တွေစီးကျလာတယ်။အိပ်ရာဘေးနားကခုံပေါ်ကသူ့ရဲ့မိသားစုဓာတ်ပုံလေးကလှမ်းယူလိုက်တယ်။ထိုပုံကိုခဏကြည့်ပီးနောက်သူမရင်ခွင်ထဲမှာထားလိုက်၏။သူမကြာကြာငိုနေ၏
Rose:ဖေဖေမေမေသမီးအရမ်းလွမ်းတယ်။ဖေဖေတို့မရှိပဲနဲ့သမီးနေရတာမပျော်ဘူး။သမီးဘ၀မှာဖေဖေတို့လိုအပ်တယ်။သမီးဖေဖေတို့ကိုအရမ်းချစ်တယ်။
သူမသည်မကြာမကြာထိုသို့သူမရဲ့မိသားစုဓာတ်ပုံကိုကိုင်၍ငိုတတ်သည်
Rose:အဖေတို့စိတ်ချပါ။သမီးအဖေတို့သေဆုံးမှုကိုတရားမျှတအောင်ဖြေရှင်းပေးမှာ။တနေ့အဖေတို့ရဲ့နာမည်ကိုလည်းပြန်ဆယ်နိုင်အောင်သမီးကြိုးစားမှာပါ။အဖေတို့ကိုလုပ်ခဲ့တဲ့သူတွေကိုပြန်ပေးဆပ်ရအောင်သမီးလုပ်မှာပါ
ထို့နောက် Rose သည်ငိုနေတာကိုရပ်၍ဓာတ်ပုံကိုသူ့နေရာသူပြန်ထားလိုက်သည်။ကုတင်ပေါ်မှထကာမလဲရသေးသောကျောင်း၀တ်စုံကိုလဲလိုက်ပီးရိုးရိုးအိမ်နေရင်း၀တ်စုံ၀တ်လိုက်၏။ထို့နောက်သူညစာကိုချက်နေ၏။ချက်ပီးသောအခါအိမ်စာများကိုထိုက်လုပ်နေသည်။လုပ်ပီးသောအခါညစာစားချိန်ရောက်လာပီဖြစ်သည့်အတွက်ညစာစားလိုက်၏။စားပီးသောအခါအိပ်ရာပေါလှဲ၍ဖုန်းသုံးနေ၏။ထိုအချိန်တွင်Jennieဖုန်းဆက်လာသဖြင့်ဖုန်းကိုင်လိုက်၏။
Rose:ပြောသူငယ်ချင်း
Jennie:Yarr ငါ့ပိုက်ဆံအိတ်ပျောက်နေတယ်။နင့်ဆီပါသွားသေးလား?
Rose ကလည်းသူမဆီပါသွားမသွားလွယ်အိတ်ဖွင့်၍တချက်ရှာနေ၏။မတွေ့ပေ
Rose:ငါ့ဆီလည်းပါမလားဘူးဟ။နင်ကျောင်းမှာကျန်ခဲ့တာရောမဖြစ်နိုင်ဘူးလား?
Jennie:ကျောင်းမှာ?
![](https://img.wattpad.com/cover/277411003-288-k947577.jpg)
YOU ARE READING
Fake Smiles(အပြုံးတုများ)
FantasyFake Smiles (အပြုံးတုများ) Park Chaeyoung Rose ဆိုတဲ့ကောင်မလေးကအမြဲတမ်းအပြုံးတုတွေနဲ့ဟန်ဆောင်နေတာပဲ။လူတိုင်းရှေ့မှာသူဟာပြုံးချင်ေယာင်ဆောင်နေတတ်ပြီးနောက်ကွယ်မှာအမြဲတမ်း၀မ်းနည်းငိုကြွေးတတ်ပါတယ်။သူဟာအများရှေ့မှာပျော်ပျော်နေပြီးနောက်ကွယ်မှာမပျောရပါဘူး။...