Ep5

149 20 0
                                    

Han Chung(Yun Han Chung)သည်အမှန်ကျတော့ Jisoo အတွက် fake friend တယောက်ဖြစ်သည်။သူမသည် Jisoo နားသို့လိုချင်တာရှိနေ၍မပေါင်းချင်ပဲနဲ့ကပ်ပေါင်းနေသော fake friend တယောက်ဖြစ်သည်။သူမသည် Jisoo ကွယ်ရာတွင် Jisoo ရဲ့မကောင်းသည့်သတင်းများကိုနောက်ကွယ်မှလွှင့်နေသူအတွင်းရန်သူတယောက်ဖြစ်သည်။သိုပေမယ့်ထိုအချက်များကို Jisoo ကမသိပေ။သူမသည်လည်း Rose လိုပင်အပြုံးတုများကို အရှေ့‌တွင်တပ်ဆင်ထားသူဖြစ်သည်။Jisoo အတိုင်းပင်လွန်စွာရက်စက်သူတယောက်ဖြစ်သည်။တခါတခါကျ Jisoo သည်သူမကို Lisa ထက်ပိုခင်လေ့ရှိသည်။အထူးသဖြင့်အတိုင်အဖောက်ညီသည့်အခါများတွင်ဖြစ်သည်။
နောက်တနေ့သည် Rose နဲ့ Jennie အပေါ်ချထားသည့် Jisoo ၏အကြံအစည်များစတင်လှုပ်ရှားရမည့်နေ့ဖြစ်သည်။သJisoo ည်ခါတိုင်းနေ့များထက်ပိုပျော်နေ၏။ထိုအချက်များကိုလည်း Lisa သတိထားမိသည်။ Jisoo ရဲ့အကြံအစည်များကို Han Chung ပြောနှင့်ပီးသားဖြစ်ကာ Han Chung ကလည်းပါ၀င်ဖို့သဘောတူပီးပီဖြစ်သည်။
ထိုအခိုက် Rose & Jennie တို့သည်ကျောင်းအခန်းအနီးတဝှိုက်ရှိ Locker🔐🔐 များအနီးတွင်ရှိနေ၏။Roseသည်သူမ၏ locker ရှေ့တွင်ရှိ၍ Jennie သည်လည်းသူမ၏ locker ရှေ့တွင်ရှိနေသည်။ထိုအချိန်မှာပင် Jisoo & Han Chung တို့သည် Jennie ရှေ့့့သို့ရောက်လာကာ Jisoo က Jennie ၏ဖွင့်လက်စ locker ကိုလည်း Jisoo လက်တဖက်နှင့်ဝုန်းကခဲဆွဲပိတ်ပလိုက်၏။
ဝုန်း----

Jennie:နင်ဒါဘာလုပ်တာလဲ
Jisoo.နင့်ရဲ့ပိုက်ဆံအိတ်ပျောက်နေတယ်လို့သတင်းရထားတယ်
Jennie:နင်ဒါကိုဘယ်ကသိတာလဲ?
Jisoo:ဒီလိုပဲသိလာတာ
သိတော့နင်ကဘာလုပ်မလို့လဲ?
နင့်ပိုက်ဆံအိတ်ကိုငါကောက်ရထားတယ်
Jennie:ဘယ်လို?ဒါဆိုနင်ပေါ့ငါပိုက်ဆံအိတ်ကိုယူသွားတယ်
Jisoo:ယူသွားတာမဟုတ်ဘူး။နင့်ဘာသာနင်အသုံးမကျလို့ငါသိမ်းတာကိုခံလိုက်ရတာ
Jennie:ဘယ်မှာလဲငါ့ပိုက်ဆံအိတ်?ပြန်ပေး
Jisoo:ပေးရမှာလား?ဒီမှာလေ

ထို့နောက် Jisoo က Jennie ရဲ့ပိုက်ဆံအိတ်ကိုအမြင့်မှာမြှောက်ပြလိုက်တယ်။
Jisoo:နင်ယူနိုင်ရင်ယူလေ။နင်မှီရင်ပေါ့

Jennie ကသူမရဲ့ပိုက်ဆံအိတ်ကိုခုန်ပီးမှီအောင်လှမ်းယူနေ၏။ Jisoo ကလည်းအိတ်ကိုပို၍မြင့်သောနေရာတွင်မြှောက်ထား၏။ Jennie ကယူနေရာမှမှီတော့မည့်အလှည့်ရောက်သောအခါ Jisoo က Han Chung ဆီသို့ပိုက်ဆံအိတ်ကိုလှမ်းပြန်ပေးလိုက်၏။
Jisoo:ပြေးတော့
ထို့နောက် Han Chung ကလည်းပိုက်ဆံအိတ်ယူပီးအမြန်ပြေးသွား၏။
Jisoo:နင့်ပိုက်ဆံအိတ်ကိုပြန်ယူချင်ရင်ငါတို့ပြေးတဲ့နောက်ကိုမှီအောင်လိုက်

(ဆိုးလိုက်တာ)

ထို့နောက် Jisoo က Han Chung ပြေးတဲ့နောက်သို့လိုက်သွားကာ Rose & Jennie တို့ကလည်း Jisoo ပြေးတဲ့နောက်သို့အမြန်ပြေးပီး‌မှီအောင်လိုက်နေ၏။ Lisa ကထိုနေရာတွင်မရှိပေ။အဘယ်ကြောင့်ဆိုသော် Jisoo ကသူမအားအဝေးသို့ပထုတ်ထားချင်းဖြစ်သည်။ Jisoo နဲ့ Han Chung ကအရှေ့ကအမြန်ပြေးနေ၏။ Rose နဲ့ Jennie တို့ကလည်းအနောက်ကနေမှီအောင်လိုက်နေ၏။သို့သော်တနေရာအရောက်တွင် Jisoo နဲ့ Han Chung တို့သည်ကော်ဖီဘူးနှစ်ဘူးသယ်လာသည့်အတန်းကြီးကျောင်းသားနှစ်ယောက်ကိုပြေး၍မတော်တဆအမှတ်တမဲ့၀င်တိုက်မိသည်။
အားးးးး------
Jisoo နဲ့ Han Chung တို့ကသူတို့နှစ်ယောက်အကျီများအပေါ်ကောင်ဖီတွေအားလုံးမှောက်ကျကာချော်လဲကျသွား၏။ကျောင်းသားနှစ်ယောက်ကဘာမှမဖြစ်ပေ။ကျောင်းသားနှစ်ယောက်လုံးကလည်းသူမတို့နှစ်ယောက်ကိုကျယ်ကျယ်အော်ငေါက်လိုက်၏။
ပထမကျောင်းသား:မင်းတို့နှစ်ယောက်ဘယ်လိုလုပ်လိုက်တာလဲ။ငါတို့၀ယ်ထားတာတွေအကုန်မှောက်ကုန်ပီ။ပြန်လျော်ပေး။မကောင်းတဲ့မိန်းမနှစ်ယောက်။
ထို့နော်ပထမတယောက်သည်ဒုတိယတယောက်ဘက်သို့လှည့်၍

ပထမကျောင်းသား: မင်းအဆင်ပြေရဲ့လား။ဒီမိန်းမ‌နှစ်ယောက်လုပ်လိုက်တာဘယ်နားတွေပေသွားသေးလဲ?ဘယ်နားနားသွားသေးလဲ?
ဒုတိယကျောင်းသား:ဘယ်နားမှပေဘူး။ဘယ်နားမှလည်းမနာဘူး။ဒါမယ့်ကျနော်အဲ့မိန်းမနှစ်ယောက်ကိုအရမ်းမုန်းတယ်။ကျနော်တို့ကိုလိုက်နှောင့်ယှက်လို့။သူတို့နှစ်ယောက်ကိုဆူပေး။ပီးတော့သူတို့ကိုအလျော်တောင်းပေး။အဟင့်
ပထမကျောင်းသား:မငိုပါနဲ့ကွာ။မင်းဖြစ်စေချင်သလိုလုပ်ပေးပါမယ်။ မင်းတို့နှစ်ယောက်ငါတို့ကိုပြန်လျော်‌ေပးရ‌မယ်။ဒီကော်ဖီတွေအတိုင်းသွားပြန်၀ယ်။ငါဒီမှာစောင့်နေမယ်။တစ်ယောက်ကိုနှစ်ဘူးဆီပြန်၀ယ်ပေးရမယ်။စုစုပေါင်းလေးဘူး။နှစ်ဘူးကနစ်နာကြေး။သွား၀ယ်။
ထို့နောက်ထိုကျောင်းသားသည် Jisoo တို့နှစ်ယောက်ကိုလူရှေ့မှာပင်ဆူလိုက်သည်။ထို့နောက်ထိုကျောင်းသားကဒုတိယ‌တယောက်ရဲ့ပုခုံးပေါ်သို့သူ့လက်ကိုတင်၍သူပုခုံးကိုဖက်ထား၏။
ပထမကျောင်းသား:စိတ်မပူပါနဲ့ကွာ။ငါသွား၀ယ်ခိုင်းလိုက်ပီ။

Fake Smiles(အပြုံးတုများ)Onde histórias criam vida. Descubra agora