Lisa:ရပါတယ်ဟာ။ငါလည်းနောက်နေ့ကျရင်နင့်ကိုထပ်ရှင်းပြစရာရှိတယ်။ဒါနဲ့ငါ့အမေနင်နဲ့တွေ့လို့ရတယ်မလား?
Rose:အေးပါ။ရပါတယ်ဟ
Lisa:အေအေ။ဒါဆိုငါ့အမေကိုပြန်ပြောလိုက်မယ်နော်
Rose:အေအေ။ကျေးဇူးအများကြီးတင်တယ်ဟာ။နင်ကအရမ်းကူညီတတ်တာပဲ
Lisa:ရပါတယ်ဟ
နောက်နေ့တွင် Rose သည်ကျောင်းသို့သွားရမည်ကိုခါတိုင်းထက်ပို၍ပင်ပျော်နေ၏။စက်ဘီးမောင်းနေတုန်းပင်သီချင်းများကိုညီးကာဆိုနေ၏။ကျောင်းသို့လည်းအမြန်သွားချင်နေ၏။ကျောင်းသို့ရောက်၍ကျောင်းထဲတွင်အမှတ်မထင် Jisoo ကိုတွေ့လိုက်သည်။ Jisoo ကတော့ Rose ကိုဟိုတနေ့ကပြသနာအတွက်တော်တော်ကိုမကျေနပ်ဖြစ်နေသည်။ထို့နောက် Jisoo က Rose နားသို့လာ၍ Rose ကိုပါးရိုက်လိုက်သည်။ Roseကလည်းပြန်ရိုက်လိုက်၏။ Jisoo ကပြန်ရိုက်မည်အလုပ်တွင် Jennie က Jisoo ရဲ့လက်ကိုကာ၍
နင်ဘာလို့ငါ့သူငယ်ချင်းကိုပါးလာရိုက်တာလဲ
Jisoo:လွှတ်နော်
( Jisoo ကတော့လုပ်ပြန်ပီ)
ထို့နောက် Jisoo ကအတင်းရုန်းကာ Jennie ကိုပါးထပ်ချလိုက်၏။ထို့နောက် Jennie ကလည်းနောက်တကြိမ်ထပ်ချလိုက်၏။ Jisoo ကထပ်ချမည်အလုပ်တွင် ရဲ့လက်ကို ရုတ်တရက်ရောက်လာသော Lisa ကထိန်းထားလိုက်၏။ထို့နောက်
Jisoo:နင်သူတို့ကိုကာကွယ်ပေးနေတာလား?နင်ကငါ့သူငယ်ချင်းလေ။နင်သူတို့ကိုမကာကွယ်ရဘူး
Jisoo:နင်ကသူတို့ကိုမတရားလုပ်နေလို့ငါကသူတို့ကိုကာကွယ်ပေးနေရတာ
Jisoo:နင်ဟာ။ဘာလို့ဒီလိုလုပ်ရတာလဲဟာ။ငါ့ဘက်ကနေပေးမယ်မကြံဘူး။နင်ဘက်လိုက်တယ်
Lisa:ငါကမှန်တဲ့ဘက်ကနေတာပါ
ထို့နောက် Jisoo ကအထိနာ၍ထိုနေရာမှထွက်သွားသည်။
Jisoo:နင်တို့နှစ်ယောက်နောက်တခါငါနဲ့တွေ့မယ်မှတ်။နောက်တခါတော့နင်တို့ကံမကောင်းတော့ပါဘူး
Jisoo ကကျိန်းသွားသည်။
Lisa: ကျောင်းဆင်းရင်နင့်ကို့ငါ့အမေလာတွေ့လိမ့်မယ်။နင်အဆင်သင့်ဖြစ်ပီလား?
Rose:ငါတော့ ready ပဲ။အခုချက်ချင်းတောင်မှအရမ်းတွေ့ချင်နေပီ။
Lisa:တွေ့ရတော့မှာပါ
ထို့နောက်ကျောင်းတက်သွား၍သူတို့အားလုံအတန်းထဲ၀င်သွား၏။ Jisoo ကတော့ Rose& Jennie တို့ကိုေကြာက်စရာမျက်လုံးများဖြင့်အနောက်ကနေအမြဲတမ်းစောင့်ကြည့်နေ၏။
ကျောင်းဆင်းသောအခါ
Lisa နှင့်သူမအမေကကျောင်းရှေ့မှနေ၍ Rose ကိုစောင့်နေကြ၏။ထို့နောက် Rose& Jennie တို့ရောက်လာသောအခါ Rose နဲ့ Lisa ၏အမေတို့သည်တယောက်ကိုတယောက်ခဏတာတယောက်ကိုတယောက်အမြင်ဖူးသလိုရှိသောအကြည့်များဖြင့်ကြည့်နေကြ၏။ထို့နောက် Lisa ကမိတ်ဆက်ပေးလိုက်၏။
ESTÁS LEYENDO
Fake Smiles(အပြုံးတုများ)
FantasíaFake Smiles (အပြုံးတုများ) Park Chaeyoung Rose ဆိုတဲ့ကောင်မလေးကအမြဲတမ်းအပြုံးတုတွေနဲ့ဟန်ဆောင်နေတာပဲ။လူတိုင်းရှေ့မှာသူဟာပြုံးချင်ေယာင်ဆောင်နေတတ်ပြီးနောက်ကွယ်မှာအမြဲတမ်း၀မ်းနည်းငိုကြွေးတတ်ပါတယ်။သူဟာအများရှေ့မှာပျော်ပျော်နေပြီးနောက်ကွယ်မှာမပျောရပါဘူး။...
