Ep14

96 14 0
                                        

Jisoo: နင်တို့နှစ်ယောက်နောက်ဆုံးတော့ငါနဲ့ပြန်တွေ့ရပီပဲကို။အခုနင်တို့နားမှာ မရှိဘူးနော်
Rose:နင်နင်

(Jisoo ကထပ်ကြံစည်ပြန်ပီလားတော်ပါတော့။ညီမတွေကိုအနိုင်မကျင့်ပါနဲ့တော့)

Jisoo:ဘာတွေအံ့ဩနေတာလဲ?
ပြောရင်းဆိုရင်း Jisoo က Rose ကိုပါးတချက်ရိုက်လိုက်၏။ Rose ကပြန်ရိုက်မည်ကိုကြိုသိသဖြင့် Han Chung က Rose ၏လက်ကိုထိန်းထားလိုက်သည်။ထို့နောက် Jennie က Jisoo ကိုပါးရိုက်လိုက်၏။ထိုအခါ Jisoo က Jennie ကိုနောက်ပြန်တွန်းချလိုက်၏။
Jisoo:နင်ငါ့ကိုရိုက်တဲ့အတွက်နင့်သူငယ်ချင်းကိုငါပြန်ရိုက်မယ်
ပြောရင်းဆိုရင်း Jisoo က Rose ပါးကိုဘယ်ပြန်ညာပြန်နှစ်ချက်ဆင့်ရိုက်လိုက်သည်။ထို့နောက်Han Chung က Rose လက်ကိုလွှတ်လိုက်သည်။
Jisoo:မှတ်ပီလား။နောက်ငါ့ကိုထိရဲရင်ထပ်ထိကြည့်။နောက်တခါဒီထက်ပိုဆိုးမယ်။လာသွားမယ် Han Chung
Rose:နင်ဘယ်ဖြစ်သွားသေးလဲဟင် Jennie
Jennie:ငါအဆင်ပြေပါတယ်။နင်ရောအဆင်ပြေရဲ့လား?
Rose:ငါဘာမှမဖြစ်ပါဘူးဟာ
Jennie:သူကတော့အပေါင်းအသင်းရှိလို့ငါတို့ကိုလုပ်နိုင်တာပေါ့။ဒါမယ့်ဒါတွေကိုတောင့်ခံထားလိုက်ပါ Rose ရာ။မကြာခင်သူလဲကျဆုံးသွားမှာပါဟာ
Rose:ဟုတ်ပါတယ်ဟာ။အဲ့အချိန်ကျမှသူဘယ်လိုဖြစ်သွားလဲဆိုတာကိုမြင်ချင်လိုက်တာ
Jennie:ငါတို့ဒါတွေကို Lisa ကိုပြန်ပြောရမယ်
Rose:ဟုတ်တယ်
Jennie:လာထသွားရအောင်ဟာ။သူလဲမကြာလင်စိတ်ဆင်းရဲရတော့မှာပါ။သူစိတ်မဆင်းရဲခင်သူ့ကိုသူ့စိတ်ကြိုက်လုပ်ခွင့်ပေးလိုက်စမ်းပါဟာ
Rose:အင်းပါဟာ
Jennie:ကအရင်ကြမ်းပြင်ပေါ်မှထလိုက်၏။ထို့နောက် Rose ကလည်းကိုရင်းနဲ့ထလိုက်၏။ထို့နောက်ကျောင်းဆင်းချိန်တွင် Lisa ကိုကျောင်းရှေ့တွင်တွေ့လိုက်သဖြင့် Jennie ကပြေး၍ Jisoo အကြောင်းကိုတိုင်၏။
Lisa:သူတော်တော်ဆိုးတာပဲ။သူဒီလောက်လုပ်ရက်လိမ့်မယ်လို့ငါမထင်ထားဘူး။ငါဘာလုပ်ပေးရမလဲဟင်?
Rose:ရပါတယ်ဟာ။ထားပါတော့
Lisa:ဘာပဲဖြစ်ဖြစ်ငါသူနဲ့စကားပြောရတော့မယ်
Lisa သည် Jisoo ၏အိမ်သို့စကားပြောရန်ရောက်လာ၏။
Jisoo:က‌ဲနင်ငါ့ဆီရောက်လာတာပဲကို။ထိုင်ပါဉီး
Lisa:ငါ့မှာထိုင်ဖို့အချိန်မရှိဘူး။ငါနင့်ကိုစကားပြောဖို့လိုပီ
Jisoo:အေးဆေးပေါ့။ငါနင့်ကိုမမောင်းထုတ်ပါဘူး။ဘာလို့နင်ကဒီလောက်ပြန်ချင်နေတာလဲ?လာပါ။ထိုင်
Lisa လည်းမထိုက်ချင်ထိုင်ချင်နဲ့ထိုင်လိုက်သည်။
Jisoo ရော့ရေလည်းသောက်ပါဉီး
Lisa:ငါမသောက်ချင်ဘူး။ငါနင့်ကိုပြောစရာရှိတယ်
Jisoo:ဘာလို့လောနေတာလဲ?နင်နဲ့ငါနဲ့ကအချစ်ဆုံးသူငယ်ချင်းတွေပဲ။ဖြည်းဖြည်းပေါ့
နင်ဘာလို့ Rose& Jennie တို့ကိုအနိုင်ကျင်ြရတာလဲ?
သူတို့နင့်ကိုလာတိုင်မယ်ဆိုတာငါသိပီးသာပါ။ဘာလို့လဲဆိုတော့သူတို့ကခိုကိုးရာမဲ့တွေလေ။တိုင်စရာဆိုလို့နင်တယောက်တည်းရှိတာလေ။ငါဂရုမစိုက်ဘူး
Lisa:နင်သူများကိုအဲ့လိုပြောတာအရမ်းလွန်နေပီနော်။ငါနင့်ကိုသည်းမခံနိုင်တော့ဘူ‌းနော်။ငါအပီးအပြောလိုက်မယ်။နင့်ရဲ့ကိုယ်ချင်းမစာတဲ့လုပ်ရပ်‌တွ‌ေကြာင့်ငါနင်နဲ့ဆက်မပေါင်းတော့ဘူး။နင်နဲ့ငါဒီနေ့ကစပီးသူငယ်ချင်းမဟုတ်တော့ဘူး။ငါတို့ဆက်ဆံရေးဒီနေ့အ‌ဆုံးသတ်လိုက်ပီ။
Jisoo:နင်ကနင့်ကိုယ်နင်သိပ်အထင်ကြီးနေတာပဲ။နင်မရှိဘဲငါမနေနိုင်ဘူးလို့ထင်နေတာလား?နင်မရှိဘဲငါနေနိုင်တယ်။ငါနင်မရှိဘဲငါအဆင်ပြေတယ်။ငါ့မှာ သူငယ်ချင်း‌ေပါင်းစရာ Han Chung ရယ်သူ့သူငယ်ချင်းတွေလည်းရှိတယ်။သူတို့နဲ့ငါနေနိုင်တယ်။သူတို့ရှိရင်ငါအဆင်ပြေတယ်
Lisa:အေးပါ။နင်ချစ်ပါတဲ့ဆိုတဲ့အဲ့ဒီ့သူငယ်ချင်းတွေနဲ့သာတသက်လုံးပေါင်းနေလိုက်တော့
Jisoo:ပေါင်းမှာပါဟ။ငါအဆင်ပြေပါတယ်
Lisa:အေးပါ။နုတ်ဆက်ခဲ့ပါတယ်။ငါသွားပီ
ထို့နောက် Lisa က Jisoo ၏အိမ်ကိုကျောခိုင်းကာထွက်သွား၏။
Jisoo:သွားသွား။ပြန်မလာနဲ့တသက်လုံး
Lisa သည် Han Chung နှင့်သူ့သူငယ်ချင်းများသည် Jisoo အပေါ် fake friend များဟုသိထားသည်။ Jisoo ကိုထိုအကြောင်းပြောပြသော်လည်းသူမကနားမ၀င်သဖြင့်ဆက်မပြောတော့ပေ။

Fake Smiles(အပြုံးတုများ)Onde histórias criam vida. Descubra agora