4

1.8K 216 16
                                    

နောက်တစ်နေ့ မနက်ခင်းမှာတော့ Seokjin ရဲ့ ခြေလှမ်းအသစ်ကို seoul မြို့ကြီးတွင် စတင် လှမ်းခဲ့လိုက့ပါပြီ...
သူ့ရဲ့ လက်ရှိအခြေအနေအရ အလုပ်လုပ်ရာတွင် အခက်အခဲများစွာ ရှိမည်ဆိုပေမယ့်လည်း
ထို အလုပ်ကနေ လုံးဝထွက်မှာမဟုတ်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကိုပါ တစ်ပါတည်းယူဆောင်လာခဲ့လေသည်
ထို့နောက် သူ့အရှေ့တွင် ရှိနေသော အဆောက်အဦး အမြင့် ကြီးအား မော်ကြည့်ပြီး

"Jeon Entertainment "

ထိုနေရာတွင် အလုပ်လုပ်ရမည်ဆိုသော အသိနှင့် ဂုဏ်ယူစွာ ရေရွတ်လိုက်ပြီး အလုပ်အကြောင်းနားမလည်သေးသော်လည်း အစကနေ လေ့လာရန် ready ဖြစ်နေတော့သည်

Jin. Reception ကို ရောက်သည်နှင့် Taehyung ပို့ပေးထါးသော စာအိတ်လေးကိုပြကာ အကျိုးအကြောင်းပြောမိတော့ Reception က ကောင်မလေးက ထူးဆန်းတဲ့ အကြည့်မျိုးနဲ့ ကြည့်လာခဲ့သည်.. ဒါတွေက သူ့အတွကိ မဆန်းသည်မို့ မမြင်ယောင် ဆောင်ထားလိုက်မိသည်

" ခဏလောက်ထိုင်စောင့်ပေးပါနော်..အကြောင်းကြားပေးပါ့မယ်ရှင့် "

Jin ခေါင်းကို အသာအယာငြိမ့်ပြပြီး အနီးအနားရှိ lobby က ထိုင်ခုံတွက်သာ စာအိတ်လေးကိုင်လျက် ထိုင်စောင့်နေခဲ့တော့သည်

Jin သူ့ဖိုးဖိုးတို့ရဲ့ သူ့အပေါ် လုပ်ဆောင်ပေးမှုကို အခုထိ အံ့သြနေဆဲပင်... မြို့ပေါ်ရောက်​ရောက်ခြင်းမှာပင် ဖိုးဖိုးတို့နှင့် Vd call ပြောပြီးနောက် taehyung booking လုပ်ပေးထါးသော hotel တွင် တည်းခိုရန် သွားရသည်

အခုလည်း ထို ရုံးကို ရောက်ပြီ ဖြစ်ကြောင်း ဖိုးဖိုးတို့ဆီ Mesaage ပို့နေတုန်းမှာပင် Taehyung သည် Reception ၏ တစ်ခြမ်းတွင် ရောက်ရှိလာခဲ့သည်

Taehyung reception အား Jin ဘယ်နေရာတွင်လဲဟုမေးမြန်းသောအခါ

"ဟိုဘက်မှာ ထိုင်နေပါတယ်ဆရာ..... ဒီမှာရှင့် ဧည့်သည် "

ကောင်မလေး မှ Jin အား ခေါ်နေပါသော်လညိး Jin ထံမှ တုန့်ပြန်ခြင်းမရှိ

"ဧည့်သည်ရှင့်.."

ကောင်မလေးမှာ အသံကို ထပ်မြှင့်ပြီးခေါ်ပါသော်ငြားလည်း Jin မှာ ပြန်ဖြေခြင်းမရှိ... ရုတ်တရက် Taehyung သူ့အဖိုးမှာထားသည်ကို သတိရတော့မှ

My Melody is you (Translation Fic) CompletedWhere stories live. Discover now