"Jungkook.... ကြည့်လို့မရသေးဘူးလား..."
Jin မေးလာတော့ Jungkook ခေါင်းလေးသာခါပြပြီး ပြန်ဖြေခဲ့သည် Jin မမြင်နိုင်ပေမယ့်ပေါ့
Jungkook idol အဖြစ်မှ နားလိုက်သည်မှာ အခုဆိုလျှင် သုံးလပင်ရှိနေပြီဖြစ်သည်... ဒီအတောအတွင်း Jin အိမ်မှာပဲ Jungkook အတူတူနေဖြစ်ပြီး New Zealand ပြောင်းဖို့ Visa လျောက်ထားဆဲဖစ်လို့ Visa ကျသည်နှင့် ရွေ့ပြောင်းကြမည်ဖြစ်သည်
Jin စိတ်ကိုသာ ရှည်ရှည်ထားပြီး သက်ပြင်းလေးကို ချလိုက်သည်... မျက်လုံးအား ဖုံးကွယ်ပြီး စည်းထားသော အဝတ်စလေးအား ချွတ်ချချင်စိတ်တို့ တဖွားဖွား ပေါ်ပေါက်နေသည်...
ထိုစဥ် Jungkook သူ့အရှေ့တွင် ဒူးထောက်ထိုင်လိုက်သည်ကို ခံစားမိသောကြောင့် လက်ဖြင့် စမ်းကြည့်တော့ Jungkook ပခုံးလေးအား ဆုပ်ကိုင်မိသွားသည်... Jungkook သည် Jin ခြေထောက်လေးအား မကိုင်ကာ ဘာမှ မပြောပဲဖိနပ်လေးအား ချွတ်လာတော့"J..Jungkook.. ဘာလုပ်နေတာလဲ "
Jin ပခုံးလေးအား ဆက်ကိုင်ကာ Jungkook အားမေးမြန်းရင်း ရပ်တန့်စေသော်လည်း Jungkook သည် ရပ်မသွား... ဖိနပ်အပြင် ခြေအိတ်လေးပါ ချွတ်ပေးလိုက်ပြီးနောက် စိုစွတ်နေသော သဲပြင်ပေါ်သို့ နင်းလျောက်စေသည်
သဲပြင်ပေါ်ကို နင်းမိတော့မှ Jin စိတ်သက်သာရာ တစ်ချို့ ရလိုက်သည်... သူတို့ ကမ်းခြေဘက်ရောက်နေတာပါလားလို့ပေါ့... သို့ပေမယ့် ထူးဆန်းသည်က ညဘက်ကြီး ကမ်းခြေဘက်ကို ဘာလာလုပ်သည်လဲ..
Jungkook jin လက်လေးအား ကိုင်ကာ စိုစွတ်နေသော သဲပြင်ပေါ်တွင် ဆက်လျောက်စေပြီး...
လေပြေနုနုလေးများက တိုက်ခတ်လာသော ချစ်ခြင်စတို့ကိုပင် ပိုမို မွေးဖွားစေအောင် တိုက်တွန်းနေသလို... ရာသီဥတုက အေးနေဆဲဆိုပေမယ့် တစ်ယောက်ကို တစ်ယောက် နီးကပ်စွာ ပွေ့ဖက်ထားမှုက အေးစက်မှုကို လျော့ကျစေလေသည်...
jungkook လျောက်နေရင်းမှ Jin အား တစ်စုံတစ်ခူပေါ်တွင် ထိုင်စေလိုက်သည်ကမ်းခြေမှာ ခူံတစ်လုံးပေါ်ထိုင်လိုက်ရတဲ့ ခံစားချက်ကြောင့် Jin ထူးဆန်းနေလေသည်... ထို့နောက် Jin မျက်လုံးများ အုပ်စီးထားသော ပိတ်စလေးအား ဖယ်လိုက်တော့ Jin မျက်ခုံးတို့ပင် ကျုံ့ထားမိသည်...
YOU ARE READING
My Melody is you (Translation Fic) Completed
Fanfictionအကြားအာရုံချို့တဲ့နေတဲ့ ကောင်လေးနဲ့ IDOl တစ်ယောက်ရဲ့ ချစ်ခြင်း