13

1.9K 215 45
                                    

Jungkook တစ်ယောက် ဒေါသစိတ်တွေ ဖုံးလွှမ်းနေပြီး အရာရာကို စိတ်တိုနေမိသည်

အရမ်းပျော်ရွင်နေသော လူနှစ်ယောက်စကားပြောနေသည်ကို ကြည့်ပြီး Jungkook မျက်စိဆံပင်ဆူးသလို ဖြစ်နေရသည်
အကြောင်းအရင်းမှာ အကလေ့ကျင့်ရန်အတွက် Hoseok ကို Jungkook ရဲ့ personal dance studio သို့ ဖိတ်လိုက်ရာမှ စလေသည်

ထိုအခန်းထဲတွင် Jin လည်း ရှိနေမယ်ဆိုတာ သိနေပေမယ့် Hoseok Hyung က သူ့ရဲ့ PA Seokjin နဲ့ ပရောပရည် ကျီစယ်နေမယ်လို့တော့ မထင်ထားခဲ့မိ ..Jin ရဲ့ နူးညံတဲ့အပြုံးလေးတွေနဲ့ Hoseok ကို ပြုံးပြတာမြင်ရတော့ Jungkook တစ်ယောက် လက်သီးတို့ ဆုပ်နေရပြန်သည်
Jin ရဲ့ အပျော်တွေနဲ့ အပြုံးတွေက ဝေဆါနေတာများ ရောဂါရှိတဲ့သူတောင် ပျောက်ကင်းနိုင်လောက်တယ်..

"ဟွန့် ငါလည်းဟာသပြောတတ်ပါတယ် "
Jin ရဲ့ ရယ်သံတွေကြားရတော့ Jungkook တစ်ယောက် သူ့ဘာသာ ရေရွတ်နေမိသည်... တကယ်ပဲ Jin ကသူနဲ့ဆို အဲ့လိုလည်း မရယ်ဖူးပါလား

သိပြီ... ဘာလို့လဲဆိုတော့ Jk သူက Jin အရှေ့မှာ ဟာသ ဒါမှမဟုတ် ပျော်စရာတစ်ခုခုမှ မပြောဖူးတာပဲ

Jungkook အသက်ကို မှနိမှနိရှုပြီး ထွက်နေတဲ့ ဒေါသတွေကို ထိန်းချုပ်လိုက်သည်... သူသဝန်တိုနေမိတာ သူသိသည်.. Jin ရယ်နေတာ ပြုံးနေတာတွေက သူ့တစ်ယောက်ထဲအတွက်ပဲ ဖြစ်စေချင်တာ... တခြားတစ်ယောက်အတွက် ရယ်ပြ ပြုံးပြနေတာကို သူမကြိုက်ဘူး..

"Hoseok Hyung "
Jungkook လှမ်းအော်ခေါ်လိုက်တော့ အဖွဲ့ရဲ့ Sunshine လေး Hoseok က Jungkook အား လှည့်ကြည့်သည်
ထို့နည်းတူစွာ Jin ကလည်း Hoseok ကြည့်ရာ လိုက်ကြည့်ပြီး သူတို့ထံလျောက်လာနေတဲ့ Jungkook အား အရိုအသေပေးနှုတ်ဆက်ကာ
Jin သူမသိလိုက်ပဲ စကားပြောရင်း နီးကပ်နေမိခဲ့တဲ့ Hoseok အနားကနေ ခွာလိုက်မိသည်

"Hey kook... မင်းမှာ လက်ထောက် အသစ် ခန့်ပြီးတာကို ငါ့ကိုတောင် မပြောဘူး "

Hoseok ပြောတော့ Jungkook သူ့ရဲ့ Bunny smile လေးသာ ထုတ်ပြလိုက်သည်.. တကယ်တော့ Taehyung ပြောပြထားလို့ Hoseok သိထားပြီးပါပြီ..

Jin ကို သူ့PAအဖြစ် ခန့်ထားတာ သူ့အတွက် အကောင်းဆုံး အလုပ်တစ်ခုပဲ..
Jin အသံလေးတွေ Jin ရဲ့ တည်ရှိမှုတွေက Jk သူ့ရ​ြ့ တစ်နေ့တာ မှာ အကောင်းဆုံး ဖြစ်ရပ်တွေပဲ... အရင်က ဆိုးဆိုးရွားရွား ဆက်ဆံမိတာတွေအတွက်တော့ Jk အခုထိ နောင်တရဆဲ... ဒါ့ကြောင့်လည်း အခုတော​့ Jin အပေါ် အကောင်းဆုံးတွေပဲ လုပ်ဆောင်ပေးပြီး သူ့အပြစ်တွေအတွက် ပေးဆပ်နေရသည်..

My Melody is you (Translation Fic) CompletedWhere stories live. Discover now