36

1.4K 157 13
                                    

"Hyung တို့ ဒီနေ့အတွက် ကျေးဇူးပဲဗျာ"
Jungkook ကားထဲမှာ ထိုင်နေတဲ့ အကိုတွေကို ကျေးဇူးတင်စကားဆိုလိုက်သည်

Concert ပွဲပြီးသည်မှာ တစ်နာရီခနိ့ ကြာမြင့်နေပြီ ဖြစ်ပြီး Jungkook နှင့် members များ Jin အိမ်ရှေ့တွင် ကားရပ်ကာ ကားပေါ်တွင် ထိုင်နေကြဆဲဖြစ်သည်

"ကိစ္စမရှိပါဘူးကွာ.. အမှတ်တရတွေပေါ့..ဒါနဲ့ မင်းဘာဆက်လုပ်ဖို့ စဥ်းစားထားလဲ "

Jungkook သက်ပြင်းရှည်တစ်ချက် ချလိုက်ပြီး မျက်လုံးများမှိတ်ကာ ကားထိုင်ခုံကိုသာ မှီနေလိုက်သည်... Jimin hyung ပြောတာလည်း ဟုတ်သည်... ဘာအစီအစဉ် မှမရှိပဲ အလုပ်ကို ရပ်တန့်လို့တော့ မဖြစ်သေးဘူး...

သို့သော် Jungkook သူ့ရဲ့ အနာဂတ်လေးကို တွေးမိတော့ နှုတ်ခမ်းထောင့်လေးတွေက ကော့စွန်းတတ်သွားရသည်... ထို့နောက် Jimin အား Bunny smile လေးဖြင့် ပြုံးပြလိုက်ပြီး

"အင်း..ရှိတယ် ဒါပေမယ့် အဲ့တာက Seokjin နဲ့ အရင်တိုင်ပင်ရဦးမှာ"
Jungkook အဖြေအား အကိုတသိူက်က တက်ညီလက်ညီပင် ခေါင်းငြိမ့်ပြကြသည်

"အေးပါ.. နောက်ကျနေပြီ ဝင်တော့ သွားနားတော့ Kook.. ငါတို့လည်း ပြန်တော့မယ် "
Yoongi အိမ်ထဲဝင်ဖို့ ပြောလိုက်တော့ Jungkook လက်ပတ်နာရီအား ငုံ့ကြည့်မိသည်

အချိန်ကား 1:20 ညဥ့်နက်နေလေပြီ

"Okay hyung.... Goodnight.. နောက်မှ Party လေးလုပ်ရင် ဖိတ်လိုက်မယ် "
Jungkook စကားကို မရှင်းသော အကို တစ်ဖွဲ့မှာ မေးခွန်း ပြန်မထုတ်နိုင်ခင်မှာတင် မျက်လုံးမှိတ်ပြသွားပြီး အိမ်ထဲသို့သာ Jungkook ပြေးဝင်သွားလေသည်

ကားပေါ်တွင် ကျန်ခဲ့သော member များမှာ သူတိူ့ညီလေးကို ကြည့်ရင်း ခေါင်းလေး တခါခါဖြင့်သာ ကျန်ခဲ့ရှာ တော့သည်

Jungkook အိမ်သော့ အပိုလေးဖြင့် တံခါးအား ဖွင့်လိုက်ပြီး တစ်အိမ်လုံး အိပ်နေလောက်ပြီ ဖြစ်သောကြောင့် ဖွဖွလေးသာ လျောက်ရင်း ဖိနပ် ချွတ်ပြီးနောက် တံခါး ပြန်ပိတ်လိုက်သည်

ထို့နောက် ဖုန်းထူတ်ကာ flash မီးလေး ဖွင့်လိုက်တော့မှ မီးများပိတ်ထား၍ မှောင်နေသော အိမ်အား မြင်ရတော့သည်....ထို့နောက် ခြေလှမ်းများက Jin အိပ်ရာစီသို့သာ ခြေဦးတည်ရင်း အခန်းတံခါးလေးအား အသံမထွက်အောင် ဖွင့်လိုက်တော့သည်

My Melody is you (Translation Fic) CompletedWhere stories live. Discover now