22

1.7K 178 27
                                    

Jin သူ့အဖိုးအဖွားတွေနှင့်တွေ့တော့ ပေါက်ပေါက်ဖောက်သကဲ့သို့ စကားများပြောကာ ပျော်ရွင်နေတာကို ကြည့်ပြီး Jungkook တစ်ယောက် မေးရိုးနှင့် ပါးစပ်ညောင်းသည်အထိ ရယိမောနေရသည်

Jin က ရယ်စရာတွေပြောပြီး စနောက်တတ်တဲ့ သူမှန်း သူမသိခဲ့ရိုး အမှန်ပါ.. အခုမှ သာလျင် Jin ပြောတဲ့ Dad Jokes တွေကို နားထောင်ရင်း သူတို့လေးယောက်လုံး ပွဲကျနေရသည်

အချိန်တွေက ပျော်နေချိန်မှာ ကုန်တာမြနိတယ်ဆိုတဲ့အတိုင်း နေ့လည်စာစားချိန်ရောက်ခါနီးလို​့ Jin နှင့် အဖွား Jihyun တို့က မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေတော့သည်... ဧည့်ခနိးထဲတွင် ကျန်ခဲ့သော Namjoon နှင့် Jungkook တို့မှာဖြင့် စကားစမြည် ပြောလျက်..

အဖွား Jihyun ချက်နေတုန်းမှာပဲ သူ့အနောက်က လှုပ်ရှားသံကြား၍ လှည့်ကြည့်တော့ သူတို့ထံ ပြုံးပြုံးကြီးနဲ့ ရောက်လာတဲ့ Jungkook

" sorry ပါ အဖွားရယ်..ဟင်းအနံ့တွေက မွှေးလွန်းတော့ ဆွဲဆောင်နေတာနဲ့ ဒီအထိ ရောက်လာတာ 😁😁"

Jungkook စကားကြောင့် အဖွား Jihyun ခေါင်းလေးခါကာ ရယ်မောနေတော့သည်... အဖွားနှင့် Jungkook တို့ စကားပြောနေသည်ကို မသိပဲ ဟင်းရည်အိုး မွှေရင်း အရသာ မြည်းနေသူမှာတော့ Jin တစ်ယောက်ပင်

"ကဲကဲ နှစ်ယောက်သားနေခဲ့ကြဦး "
အလိုက်သတိဖြင့် အဖွားJihyun က ရှောင်ပေးတော့ jungkook တဖြည်းဖြည်းနှင့် Jin အနားလျောက်သွားကာ အနောက်ကနေ သိမ်းယူဖက်လိုက်တော့သည်...ဒါကို သတိမထားမိတဲ့ Jin လေးကတော့ လန့်သွားသေးလေရဲ့

"အာ...လူကို လန့်သွားတာပဲ Kookie ရယ်"
သက်ပြင်းလေးချပြီး ပြုံးပျော်ကာ ပြောလာတဲ Jinလေးရဲ့ ခါးလေးပေါ်သို့ Jungkook လက်လေးဖြင့် အသာအယာဖက်ထားပြီး Jin ပခုံးပေါ်သို့ မေးလေးတင်ကာ ဆံနွယ်လေးများအား နမ်းရှိုက်နေလေသည်

ဆံပင်ထဲသို့ နှာခေါင်းလေးတိုးဝင်လာရုံဖြင့်Jin ခမျာ ကြက်သီးတို့ပင် တဖြန်းဖြန်းထရသည့်အပြင် လည်ပင်းအထိ နမ်းနေသော Jungkook ကြောင့် တုန်လှုပ်မိရပြန်သည်..ထို့နောက် Jungkook ၏ ရင်ဘက်ပေါ်သို့ Jin မှီလိုက်ပြီး ဟင်းအိုးကိုတော့ Jungkook အား ဆက်မွှေနေစေသည်

My Melody is you (Translation Fic) CompletedWhere stories live. Discover now