ဒီနေ့က ကျမစိတ်ဝိညာည်ကို မမနဲ့အတူထားခဲ့ပြီး နိုင်ငံခြားကိုသွားမယ့်နေ့လေ.........
ကျမတို့အနာဂတ်တေအတွက် သွားရတယ်ဆိုပင်မဲ့ ခြေလှမ်းတေက ယောင်ချာချာ....
မသွားလို့လည်း မဖစ်ဘူးလေ.....ကျမမသွားခင် မမနဲ့ခနလောက်ဖစ်ဖစ်တွေ့သွားချင်သည်......
ဒါနဲ့ပဲကျမလည်း ကျမမသွားခင် တနာရီအလိုလောက်က မမတို့အိမ်သို့ အမေမသိအောင် driver ဉီးလေးကြီးကိုလိုက်ပို့ခိုင်းလိုက်သည်.......
ကျမ မမတို့အိမ်သို့ရောက်သောအခါ ဘယ်သူမှမတွေ့တာနဲ့...... အိမ်အနောက်ဘက်သို့ဆက်သွားလိုက်သောအခါ
အနောက်ဝါးရန်ဒါကနေ နေထွက်ရာသို့ ငေးကြည့်နေသော သူမ....
ကျမလည်း သူမနားသို့ အသံတိတ်ချည်းကပ်သွားပြီး အနောက်မှနေ၍ မမ၏ ကော့ညွှတ်နေသောခါးသေးလေးပေါ်သို့ အသာလေးသိုင်းဖက်လိုက်သည်......
မမက တခနမျှကျမဘက်သို့လှည့်မကြည့်ပေ......
ကျမလည်း မမ၏ပါးပြင်နုလေးကိုကိုင်ပီးမမ၏မျက်နှာလေးကိုကျမဘက်သို့လှည့်လိုက်သောအခါ........
ပါးပြင်နုနုလေးထက် ကျဆင်းနေသောမျက်ရည်များပင်......
ကျမလည်း အပြာယာဖစ်သွားကာ.....
" မမရယ် မငိုပါနဲ့.....
သုံးနှစ်ဆိုတဲ့အချိန်က ဘယ်လောက်မှမကြာပါဘူး..... နောက်ပီး မမကိုလည်း အမြဲအဆက်သွယ်လုပ်နေမှာပါ..... "" အင်း...... "
" မမဆီကိုသမီးအမြဲစာရေးမယ်လေ...
မမနဲ့ညတိုင်းဖုန်းတေပြောမယ်.....
မမကို ဘယ်လောက်လွမ်းကြောင်း... မမကိုဘယ်လောက်...."" ပြွတ်စ်....."
ကျမစကားမဆုံးခင်မှာပဲ ကျမရဲ့နှုတ်ခမ်းကိုအမက်တမောလာနမ်းတဲ့သူမ......
ကျမလည်း သူမရဲ့နုညံ့တဲ့နှုတ်ခမ်းသားများကိုပြန်လည်နမ်းရှိုက်လိုက်တယ်..နှုတ်ခမ်းသားနှစ်စုံအတော်အတန်ကြာထိတွေ့ပြီးနောက်...........
မမဘက်ကပဲအရင်ဆုံးဖယ်ရှားလိုက်တယ်......ပြီးနောက် တယောက်ကိုတယောက် ပွေ့ဖက်ရင်း.........
ကျမခေါင်းထဲ ပထမဆုံးရောက်လာတာက အဲ့နေ့...... မမနဲ့ကျမ ပထမဆုံးတွေ့ခဲ့တဲ့နေ့လေး.....
YOU ARE READING
❛ 𝗬𝗢𝗨 𝗡𝗘𝗩𝗘𝗥 𝗞𝗡𝗢𝗪 ❜//𝗖𝗵𝗮𝗲𝗹𝗶𝘀𝗮『𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅』
Random_နက်ရှိုင်းစွာချစ်ခဲ့ကြတဲ့ အချစ်တေရဲ့နောက်မှာ နာကျင်မှုတေပါလာလိမ့်မယ်လို့ ဘယ်သူသိမလဲ_ 𝗦𝘁𝗮𝗿𝘁𝗲𝗱 𝗱𝗮𝘁𝗲_ 𝗔𝘂𝗴 𝟮,𝟮𝟬𝟮𝟭 𝗘𝗻𝗱𝗲𝗱 𝗱𝗮𝘁𝗲_ 𝗡𝗼𝘃 𝟭𝟳,𝟮𝟬𝟮𝟭