" အမေ.... အမေကလေ.... "" မပြောနဲ့တော့.... ငါသိပီးပီ
ငါ doctor ကိုမေးကြည့်ပြီးပီ....
ဒေါ်လေးက အဆင်ပြေသွားမှာပါ
နင်ဘာမှစိတ်ထဲမထားနဲ့နော်.....
ငါလည်းအတတ်နိုင်ဆုံး ဒေါ်လေးကိုကြည့်ပေးမှာပါ.....
နင်အဲ့အတွက်တော့ ဘာမှစိတ်မပူနဲ့နော်
နင်ဘေးမှာ ငါရှိတယ်.... "ထိုသို့ပြောသောအခါ ကျနော်ကို ပိုမို၍ဖက်တွယ်လာသောကောင်မလေး
ကျနော်ရဲ့ ရင်ခွင်ကျယ်ကြီးကိုလည်း သူမအတွက် အချိန်ပေးလိုက်မိသည်....
Time skip........
" အမေ.... အဆင်ပြေရဲ့လား...
ဖြေးဖြေးထ သမီးထူပေးမယ် "" ဒေါ်လေး ဘာမှစိတ်အားမငယ်နဲ့နော်
ဒေါ်လေးဘေးမှာ သားနဲ့ rose ရှိတယ်...
ဒေါ်လေး အားတင်းထားနော်...."" သားဆီက ဒီလိုစကားကြားရတာ ဒေါ်လေးသိပ်ဝမ်းသာတာပဲ....
ဒေါ်လေးမရှိတော့ရင်လည်း သမီးလေးကို သားလေးကစောင့်ရှောက်ပေးပါနော် "" အမေ ဘယ်လိုပြောလိုက်တာလဲ...
အမေက ဘာမှမဖစ်ပါဘူး....နော်.. ဟင့်.. အင့်... "" ဟုတ်တယ်... ဒေါ်လေးရဲ့ ဒေါ်လေးဘာမှမဖစ်ဘူးနော်.... နောက်ပြီး rose အတွက်လည်း ဘာမှစိတ်မပူနဲ့နော်... သား rose ကိုအမြဲစောင့်ရှောက်ကာကွယ်ပေးမှာပါ "
ကျနော်က rose ကို ကျနော်အသက်ရှင်နေတဲ့ကာလပတ်လုံး စောင့်ရှောက်ကာကွယ်ပေးသွားမှာပါ....
" ကျေးဇူးပဲနော်..."
" ရပါတယ်ဟ.... "
" နင်လည်းသိပါတယ်...ငါတယောက်တည်းဆို အမေ့ရဲ့ဆေးဖိုးတေကို ဘယ်လိုမှတတ်နိုင်မှာမဟုတ်ဘူး
နင်သာမရှိရင်... ငါဘယ်လိုမှဖစ်မှာမဟုတ်ဘူး "" ရပါတယ်ဟ....ဒေါ်လေးကလည်း နင့်အမေ့ဆိုရင် ငါ့ရဲ့အမေပဲပေါ့ဟ....
ကျေးဇူးတင်စကားတေ ဘာတေက နင်နဲ့ငါ့ရဲ့ကြားမှာ ပြောစရာမလိုပါဘူး "" အင်းပါ... ကျေးဇူးတင်ပါတယ်....
ငါအရမ်းကိုကျေးဇူးတင်ပါတယ်...
ဟင့်.. အင့်... ဟင့်... "ကောင်မလေးက ကျနော့်ကိုဝမ်းနည်းသလိုမျက်လုံးများနှင့်ကြည့်ကာ ကျနော့်ရဲ့ ရင်ခွင်ကျယ်ကြီးထဲသို့ နောက်တကြိမ်ထပ်မံတိုးဝင်လာခဲ့သည်.....
YOU ARE READING
❛ 𝗬𝗢𝗨 𝗡𝗘𝗩𝗘𝗥 𝗞𝗡𝗢𝗪 ❜//𝗖𝗵𝗮𝗲𝗹𝗶𝘀𝗮『𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅』
Random_နက်ရှိုင်းစွာချစ်ခဲ့ကြတဲ့ အချစ်တေရဲ့နောက်မှာ နာကျင်မှုတေပါလာလိမ့်မယ်လို့ ဘယ်သူသိမလဲ_ 𝗦𝘁𝗮𝗿𝘁𝗲𝗱 𝗱𝗮𝘁𝗲_ 𝗔𝘂𝗴 𝟮,𝟮𝟬𝟮𝟭 𝗘𝗻𝗱𝗲𝗱 𝗱𝗮𝘁𝗲_ 𝗡𝗼𝘃 𝟭𝟳,𝟮𝟬𝟮𝟭