Ep(1)

764 63 10
                                    

Unicode

"Coffeဆိုင်ရဲ့ ထောင့်နားဝိုင်းမှာ ကောင်လေးနှစ်ယောက်တိတ်ဆိတ်စွာထိုင်နေကြသည်"

တိတ်ဆိတ်မှုကိုစတင်ဖြိုခွဲသူက Suho

"Junmyeon……"

"ဟုတ်……အကိုလေး"

"မင်းလည်းကျောင်းပြီးသွားပြီနော်……"

"ဟုတ်……အကိုလေးကျေးဇူးကြောင့်ပါ"

"ဒီအတောအတွင်းငါမင်းဆီက အကူအညီတခါမှမတောင်းဖူးဘူး……ဒီနေ့တော့မဖြစ်မနေတောင်းရလိမ့်မယ်"

"အကိုလေး ကျေးဇူးတွေ အများကြီးပါ ကျွန်တော် ကူညီဖို့ အသင့်ပါပဲ"

"မလောပါနဲ့ဦး……ငါတောင်းမယ့် အကူအညီက မင်းဘဝနဲ့ဆိုင်တယ်"

"ဗျာ……"

"ဟုတ်တယ်……သေချာနားထောင်နော်"

"ဟုတ်……"

"ငါ့နေရာကို အစားဝင်ပြီး လူတယောက်နဲ့ လက်ထပ်ရမှာ"

"ဘယ်လို……"

Suhoပြောတာကို ဂျွန်မြောင်နားမလည်နိုင်စွာ

"မင်းလန့်သွားမယ်ဆိုတာ ငါကြိုတွေးထားပြီးသားပါ~~ဒါပေမယ့် အခု ငါလက်ထပ်ရမှာက ငါ့ရည်းစား"

"အကိုလေးရည်းစားကို ဘာလို့လက်မထပ်ချင်တာလဲ……ကြိုက်လို့တွဲခဲ့ကြတာမဟုတ်ဘူးလား"

"ဟင့်အင်း……ငါဘယ်တုန်းကမှ မကြိုက်ခဲ့ဘူး
သူက ဒီနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲCompanyကCEOလေ……ငါသူ့ကိုတွဲတာက ရုပ်ချောတာကတကြောင်း
ပိုက်ဆံချမ်းသာတာက တကြောင်း……အချိန်တန်ဖြတ်မယ်ပေါ့ ဒါပေမယ့် သူ့ဘက်ကတော့ လက်ထပ်ဖို့အထိ တွေးထားမယ်လို့ မထင်ထားခဲ့ဘူး ငါကမြွေပွေးကိုမှ သွားစ မိတာကိုး……သူကအချစ်ကြီးသလိုအမြတ်လည်းကြီးတယ်~သူ့ကို ကစားဖို့တွဲခဲ့တာသာ သိကြည့်ပါ့လား အခုချိန် မင်းငါ့ကို အကောင်းအတိုင်းတွေ့ရမှာတောင်မဟုတ်ဘူး"

"အာ့တော့ ကျွန်တော်က အကိုလေးအဖြစ် ဟန်ဆောင်ပြီး သူ့ကို လက်ထပ်ရမယ်ပေါ့"

"အင်း……သိပ်တောင်ရှင်းပြစရာမလိုဘူးပဲ"

"မ……မဖြစ်ဘူးနဲ့တူတယ်နော်"

FATE💫Where stories live. Discover now