Unicode
ခန်းစီးလိုက်ကာကို တယောက်ယောက်က ဆွဲဖယ်လိုက်တော့ မျက်နှာပေါ်ထိုးကျလာသော နေရောင်ခြည်ကြောင့် ဆယ်ဟွန်း မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့ကိုပြုံးပြီးကြည့်နေသော လူတယောက်
"မင်းငါ့အခန်းထဲကို ဘာလာလုပ်တာလဲ"
ထိုသူက ဘာမှပြန်မပြောပဲပြုံးကာ ဆယ်ဟွန်း အနားလျှောက်လာသည်
"ထွက်သွား ငါ့အခန်းထဲက အခုထွက်သွား!!"
"အကြာကြီးနေမှပြန်တွေ့ရတာကို စိမ်းကားလိုက်တာ ကိုကိုရယ်"
"ဘေ ဘေဘီလား!"
"ဒါပေါ့ ကိုကို့ရဲ့ ဘေဘီ"
ဆယ်ဟွန်း Suhoကို ကြောင်ကြည့်နေမိသည်
ငါအိမ်မက်မက်နေတာမြန်းလား
တဆက်တည်း တခြားတယောက်ကိုသတိရသွားကာ အခန်းထဲမှ ပြေးထွက်လာပြီး သူ့အခန်းထဲကို ဝင်ကြည့်မိတော့ အခန်းထဲဘယ်သူမှရှိမနေ!
"ဘယ်သူ့ကိုရှာနေတာလဲ ဟန်နီ!"
"သူကော~~"
"ဂျွန်မြောင်ကို မေးတာလား"
"သူ့နာမည်က ဂျွန်မြောင်လား"
"အင်း~"
"babeကို သူဘာထိခိုက်အောင်လုပ်သေးလဲ~ပြီးတော့ ဒီအတောအတွင်း babeဘယ်ရောက်နေခဲ့တာလဲ"
"ပြန်ပြောလို့ကောင်းတဲ့အကြောင်းအရာတွေတော့မဟုတ်ဘူး ကိုကို~အာ့အကြောင်းတွေလည်း မပြောချင်တော့ဘူး ဘယ်လိုပဲဖြစ်ဖြစ် အခု babeပြန်ရောက်နေပြီပဲ လက်ရှိကိုပဲတွေးပြီး
အသစ်ကပြန်စကြမယ်~မျက်နှာသွားသစ်တော့
အဒေါ်ကြီးကို မနက်စာပြင်ခိုင်းထားတယ်""..........."
⏩⏩⏩⏩⏩⏩⏩⏩⏩⏩⏩⏩⏩
"ဒေါ်ကြီး မနက်စာ ပြင်ပြီးပြီလား"
"ဟုတ်ကဲ့ ပြင်ပြီးပါပြီ"
"ကိုကို လာ"
ကိတ်မျိုးစုံနဲ့ ကော်ဖီကို မြင်တော့ မနက်စာအတွက် သူကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်ပေးလေ့ရှိသော ကောင်လေးကိုသတိရမိသည်
Sehun's pov - "ငါဘာဖြစ်နေတာလဲ ဟူး"
ပေါင်မုန့်ကြက်ဥကြော်ကို တကိုက်ကိုက်လိုက်တော့ ထိုကောင်လေးလုပ်ပေးသော အရသာလောက် စားလို့မကောင်း