Unicode
မင်ဂလာချိန်နီးကပ်လာသည်နှင့်အမျှ ကားတွေလည်းတစ်စီးပြီး တစ်စီး ဝင်ရောက်လာကာ ခန်းမကြီးတခုလုံးလည်း စည်ကားလာသည်
🔉"ဟယ်လို......အကိုလေး"
🔉"Junmyeonစိတ်ချမယ်နော် မလွှဲစေနဲ့နော်......ဒီအတောအတွင်းသင်ပေးထားတာတွေမှတ်မိတယ်မလား"
🔉"ဟုတ်...ဒါ......ဒါပေမယ့် ကျွန်တော် ကြောက်တယ်"
🔉"မကြောက်နဲ့ ဘာမှမဖြစ်ဘူး စိတ်အေးအေးထား......ယုံကြည်မယ်နော် မင်းလုပ်နိုင်ပါတယ်"
"သားရေ......ပွဲစတော့မယ်"
"အဖေဖြစ်သူလာခေါ်တာမို့ ယောင်လည်လည်နဲ့သာ ပါသွားသည်"
လျှောက်လမ်းတလျှောက် နှင်းဆီပန်းအပြည့်ခင်းကျင်းထားသည်......
ခန်းမထဲက လူတွေအားလုံးရဲ့အကြည့်က ဂျွန်မြောင့်ဆီ
Junmyeonကတော့ ဒါတွေကိုဂရုမစိုက်နိုင်ပဲ လျှောက်လမ်းရဲ့ အဆုံးမှာ သူ့ကို ပြုံးကာရပ်ကြည့်နေသော ထိုလူ့ကိုသာ ကြောက်နေမိသည်......
တခါမှ မမြင်ဖူးတဲ့ လူကို လက်ထပ်ရလိမ့်မယ်လို့ စိတ်ကူးနဲ့တင်မတွေးခဲ့ဖူးပေ
တဖြည်းဖြည်းနီးကပ်လာကာ နောက်ဆုံးတော့ ထိုလူဆီ ရောက်လာသည်"ကမ်းပေးလာသော လက်တစုံ"
"ကတိသစ္စာခံယူပြီး အောက်က နမ်းပါ နမ်းပါနဲ့ ဝိုင်းအော်ကြတော့ ထိုလူသည်လည်း ကိုယ်နဲ့ အနီးဆုံးကို ကပ်လာပြီး အမြတ်တနိုးနမ်းရှိုက်လာသည်"ကျွန်တော့်ရဲ့ First Kissကို တခါမှ မမြင်ဖူးတဲ့သူထံပေးအပ်လိုက်ရသည်
အနီးကပ်ကြည့်တော့ အရမ်းကိုပြည့်စုံတဲ့လူပါ
ရုပ်ရည်လည်း မိန်းကလေးတိုင်း ငြင်းမယ့် ရုပ်ရည်မဟုတ်~အစစအရာရာပြည့်စုံတဲ့ ဒီလိုလူကို ဘာလို့ လက်မထပ်ချင်ရတာလဲ အကိုလေးရယ်❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️
"ကိုယ်အလုပ်အခြေအနေကြောင့် ဂျယ်ဂျူ ကျွန်းကိုပဲHoneymoonသွားဖို့ စီစဉ်လိုက်တယ် စိတ်မဆိုးဘူးမလား နောက်အလုပ်အားမှ ဒီထက်ကောင်းတဲ့ နေရာတွေပို့ပေးမယ်"
"ဟုတ်......ရ......ရပါတယ်"
"သားတို့ ကောင်းကောင်းလည်ပတ်ခဲ့ကြနော်"