Ep(10)

355 56 24
                                    

Unicode

"ကိုယ်ထိန်းချုပ်မထားချင်တော့ဘူး အချစ်ရယ်"

"ဟင့်အင်း အကို!"

အကျီကြယ်သီးတွေကို စိတ်မရှည်စွာ ဆွဲဖြဲလိုက်တော့ ပေါ်လာသော ရင်ဘတ်ဖြူဖြူအုအုလေးကြောင့် ဆယ်ဟွန်းစိတ်တွေပိုဖြစ်ရပါတယ်

နှုတ်ခမ်းအိအိလေးဆီ အနမ်းပေးတော့ ကလေးငယ်ဟာ အနမ်းမခံတော့ပေ

လည်တိုင်တွေဆီ အမှတ်အသားလုပ်မိတော့သည် အခုအချိန်မှာ ဆယ်ဟွန်းအတွေးထဲ ဘာမျှမရှိတော့

"အာ့~!"

ဂျွန်မြောင့် ရှိသမျှအားနဲ့ တွန်းထုတ်လိုက်တာမို့ အငိုက်မိသွားသော ဆယ်ဟွန်း ကုတင်ပေါ်မှ ပြုတ်ကျသွားလေသည်
ထိုအခါမှ ဆယ်ဟွန်း အသိပြန်၀င်လာကာ

"အ အကို တောင်းပန်ပါတယ် ဟို ကျွန်တော်"

ပြာပြာသလဲ တောင်းပန်ကာ ဆွဲထူလာသော ကလေးငယ်

"အကို ဘာဖြစ်သွားသေးလဲ~ကျွန်တော် တမင်လုပ်တာမဟုတ်ပါဘူး ဟို ရုတ်တရက်ကြီးဆိုတော့~ကျွန်တော် မရည်ရွယ်ပါဘူး ဟင့် တောင်းပန်ပါတယ်"

မျက်ရည်တွေ ရစ်ဝဲကာ စိုးရိမ်တကြီးမေးလာသော ဂျွန်မြောင်

"ရတယ် ကိုယ်ဘာမှမဖြစ်ဘူး"

ဆယ်ဟွန်း စိတ်ရှုပ်သွားကာ ဝရံတာဘက်သာ ထွက်လာခဲ့သည်

"အချစ်ရဲ့ နောက်ကွယ်မှာ လိုချင်တပ်မက်မှုဆိုတာရှိစမြဲပါ ကိုယ်ချစ်တဲ့သူနဲ့ သွေးသားဖလှယ်ချင်တယ် ချစ်တင်းနှောချင်တယ် ဘာလို့လဲ အမြဲငြင်းဆန်နေတာ ဘာကြောင့်များလဲကွာ~"

⏩⏩⏩⏩⏩⏩⏩⏩⏩⏩⏩⏩⏩⏩⏩

"အကိုပေး ကျွန်တော်လုပ်ပေးမယ်"

လက်ထဲက Necktieကို အတင်းဆွဲယူသွားသော ကလေးငယ်

"နေ့လည်စာ အတူစားမလားဟင်"

Nacktieချည်ပေးရင်း ဆိုလာသော ကလေးငယ်ရဲ့အသံက ချိုမြိန်စွာ

"ကိုယ်ဒီနေ့ ချိန်းထားတာရှိလို့"

"ဒါဆို ညနေစာကောဟင်"

"ညနေလည်း ကိုယ်မအားဘူး"

FATE💫Where stories live. Discover now