💕Ep(19)💕

401 50 19
                                    

Unicode

"Projectအတွက်အကောင်းဆုံးကြိုးစားကြတာပေါ့"

"ဟုတ်ကဲ့ပါ~"

ဆယ်ဟွန်း အစည်းအဝေးခန်းပြင်ပမှာ ထိုင်စောင့်နေသော ဂျွန်မြောင့်ကိုလှမ်းကြည့်လိုက်တော့ ကလေးငယ်က ပြုံးပြလာသည်

အလုပ်ကိစ္စကြောင့် ချန်ဆန်းကို ရောက်နေခြင်းဖြစ်သည်
ဆိုးလ်နဲ့ ချန်ဆန်းက နှစ်နာရီလောက်မောင်းရင်ရောက်ပြီဖြစ်သည်
တနေကုန် ကားစီး အလုပ်ကိစ္စနဲ့ တနေရာပြီးတနေရာသွားနေရပေမယ့် ကလေးငယ်ကတော့နောက်ကနေ အပြုံးမပျက်ချေ

"ငယ် ပင်ပန်းနေပြီလား"

"မပင်ပန်းပါဘူး အကိုကသာ အလုပ်တွေတခုပြီးတခုလုပ်နေရတော့ ပင်ပန်းနေမှာပေါ့"

"အင်း ပင်ပန်းပေမယ့် ဘေးနားမှာ အမောပြေလေးရှိတော့ ပင်ပန်းတယ်လို့ကိုမထင်ဘူး~ကိုယ့်ကို နမ်းပါဦး"

"မွ~!"

"လာ ထမင်းသွားစားကြမယ်"

⏩⏩⏩⏩⏩⏩⏩⏩⏩⏩⏩⏩⏩⏩

တနေကုန် ကိုယ့်နောက်လိုက်နေရတော့ပင်ပန်းသွားပြီထင်သည်
ထမင်းစားပြီးတော့ အိပ်ပျော်သွားလေပြီ

"ကျွီ~~!"

ကားက ရုတ်တရက် ထိုးရပ်သွားတော့ အအိပ်စပ်သောကလေးငယ်နိုးသွားလေသည်

"အကို ကားက ဘာဖြစ်တာလဲဟင်"

"ကိုယ်လည်းမသိဘူး ဆင်းကြည့်လိုက်ဦးမယ်"

"ဟုတ်"

ကံကောင်းလိုက်ပုံများ ကားပေါ်က ဆင်းလိုက်တာနဲ့တပြိုင်နက် မိုးက သည်းသည်းမည်းမည်းရွာချလေသည်

"အကို!"

ကားကိုစစ်နေတုန်း ကလေးငယ်က ကားပေါ်က ဆင်းလာကာ သူ့ကုတ်အကျီလေးကိုချွတ်ပြီး မိုးပေးရှာသည်

"ငယ် ဘာလို့ဆင်းလာတာလဲကွာ"

"အကို စိုမှာဆိုးလို့"

"ကိုယ်ကစိုပြီးနေပြီလေ ငယ်ရဲ့ အခုငယ် ပါစိုကုန်ပြီ"

"ဟီး အာ့ကြတော့လည်း တူတူမိုးရေချိုးကြတာပေါ့"

"ဟုတ်ပါပြီ ကားက ဘာဖြစ်သွားလည်း ကိုယ်မသိဘူး တပည့်တွေ ဖုန်းဆက်ခေါ်မလို့ပဲ ဒီဘက်က လိုင်းမမိဘူး~ခဏနေကြ မိုးချုပ်တော့မှာဆိုတော့
ကိုယ်တို့ ဒီတညတော့ ဟိုတယ်တခုခုမှာပဲ
တည်းလိုက်ရအောင်"

FATE💫Where stories live. Discover now