Unicode
ကျွန်တော်အကိုလေးမဟုတ်တာ သိသွားသည့်နေ့ကစ၍ အကိုက ဆေးရုံကိုမလာတော့ပါ အခု ဆေးရုံက ဆင်းပြန်တော့လည်း တချက်ကလေးမှ လာမကြည့်ပဲ တပည့်ဖြစ်သူတွေကိုသာ ကြိုခိုင်းထားသည်
အကိုလေးကို ဒီအကြောင်းတွေပြောပြဖို့ဖုန်းဆက်ကြည့်တော့လည်း ဖုန်းစက်ပိတ်ထားလေသည် ဘယ်လိုလုပ်ရပါ့မလဲ ကြာရင် ရူးတော့မယ်ထင်တယ်အခန်းထဲဝင်မည်အလုပ် အကို့ရဲ့ တပည့်ဖြစ်သူက လှမ်းတားသည်
"သခင်လေးရဲ့ အခန်းက ဟိုဘက်မှာပါ"
"ဗျာ~"
"ဟို Bossက ရွှေ့ခိုင်းထားလို့ပါ"
"အာ~"
ကျွန်တော့်ကို တော်တော်လေးမုန်းသွားပြီလားအကို
တပည့်ဖြစ်သူ ညွှန်ပြသော အခန်းထဲကိုသာ ဂျွန်မြောင် ဝင်လာခဲ့သည်
မွေ့ယာပေါ် လှဲချပစ်လိုက်ကာ ပင်ပန်းနေသောစိတ်ကို ဖြေလျှော့ရန်ကြိုးစားမိသော်ငြား ဖြေလျှော့လေ ပိုနာကျင်ရလေ
"Accidentဖြစ်ကတည်းက တခါတည်း သေသွားလိုက်ရင်ကောင်းမယ် အကို့ရဲ့ ဥပက္ခာတွေက ကျွန်တော့်ကို အရှင်လတ်လတ်သတ်နေသလိုပဲ"
⏩⏩⏩⏩⏩⏩⏩⏩⏩⏩⏩⏩⏩⏩⏩
ညနေကတည်းက အိပ်ပျော်သွားလိုက်တာ အောက်ထပ်က ကားသံကြားမှ ဂျွန်မြောင်နိုးလာသည်
"အကိုပြန်လာပြီထင်တယ်~~"
အောက်ထပ်ကိုအပြေးအလွှားဆင်းသွားတော့ မိန်းမတယောက်က တယိမ်းတယိုင်ဖြစ်နေသော အကို့ကို တွဲကာ အိမ်ထဲဝင်လာလေသည် အကို အရက်တွေသောက်လာတာပဲ
"ကျွန်တော့်ကိုပေး အမ!"
ဂျွန်မြောင့်အသံကြားတော့ ဆယ်ဟွန်း ခေါင်းထောင်ကြည့်လာကာ
"ဖယ် ငါ့ကိုမထိနဲ့~"
ဂျွန်မြောင့်ကို တွန်းဖယ်ကာ ထိုမိန်းကလေးကို ဖက်ပြီး အပေါ်တက်သွားသော အကို!
"အကိုနဲ့ အာ့မိန်းကလေးနဲ့ နှစ်ယောက်တည်း အခန်းထဲ ဟင့်အင်း မဖြစ်ဘူး"
အတွေးနဲ့တင် ရင်ထဲ ဗလောင်ဆူလာပြီး အပေါ်ထပ်သို့ အပြေးတက်လာခဲ့သည်