Not Again

9 3 0
                                    

စာသင်ခန်းဆီသွားနေတုန်း ဘေးနားကနေ Junior က ရုတ်တရက် ပိတ်ရပ်လိုက်တာ‌ကြောင့် လန့်သွားခဲ့တယ် သူက ဘေးမှာရပ်ကြည့်နေတဲ့လူတွေကို " ဘာရပ်ကြည့်နေကြတာလဲ မင်းတို့နဲ့ဆိုင်လား သွားကြလေ သွားကြ!!!!! " ကြည့်နေတဲ့လူတွေလဲ အလန့်တကြားနဲ့ သက်ဆိုင်ရာအခန်းတွေဆီ အမြန်ပြေးသွားကြတယ် ကျနော်လဲ ခေါင်းယမ်းလိုက်ပြီး အခန်းဆီသွားမယ်လုပ်တော့ ရှေ့ကလမ်းပိတ်ထားပြန်တယ်

"ဘာလဲ ဘာလိုချင်လို့လဲ ဖယ်ပေး" နောက်ဆယ်မိနစ်နေလို့မှ မဖယ်ပေးရင် ကျနော် အတန်းနောက်ကျတော့မှာ ဒါမဲ့ သူ‌နောက်ဆုတ်ပြီးဘေးကိုရွေ့ပေးလိုက်တာလား အံ့ဩစရာပဲ သူရဲ့အကြည့်တွေက ကြမ်းပြင်ကို ငုံ့ကြည့်နေရာက
ကျနော်ကိုလှမ်းကြည့်လာခဲ့တယ် ပြီးတော့သူပြောလိုက်တာက လုံးဝကိုမထင်မှတ်ထားတဲ့အရာပဲ ကိုယ့်ကိုယ်ကိုတောင် အိပ်မက်လား တကယ်လား မရေရာတော့ဘူး

" ငါမင်းကို ပြောခဲ့တာတွေ မင်းအပေါ်အနိုင်ကျင့်ခဲ့မိတာတွေအတွက် တောင်းပန်ချင်လို့ "

ကျနော်သူ့ကို ခေါင်းအစ အခြအဆုံးကြည့်လိုက်မိပြီး " သောက်ထားတာလား မူးနေတာလား "

Junior ပြုံးပြလိုက်ပြီး " မူးပြီးပြောမိတာဆိုရင် ကောင်းမှာပဲ " သူ့ကိုမယုံသလိုစူးစမ်းနေတဲ့ Cop ရဲ့ပုံက ချစ်ဖို့ကောင်းသားပဲ

"ဒါကမရယ်ရတဲ့ ဟာသပဲ ဖယ်တော့ ငါသွားရတော့မှာ မဟုတ်ရင် နောက်ကျ_"

" ငါနောက်နေတာမဟုတ်ဘူး " Junior တစ်ယောက် လုံးဝကိုအလေးအနက်နဲ့ Cop ကိုစိုက်ကြည့်လိုက်ပြီး " ငါတယ်တောင်းပန်ချင်တာ မင်းအပေါ် ‌ပြုမူပြောဆိုခဲ့တာတွေအတွက် ငါအဲ့လိုမလုပ်ခဲ့သင့်ဘူး တကယ်စိတ်ရင်းနဲ့ တောင်းပန်ပါတယ် " သူဘယ်လိုပဲပြောပြော ဘယ်နှခါပြောပြော ကျနော် မယုံကြည်နိုင်သေးဘူး
သူကဘာကြောင့်တောင်းပန်မှာလဲ ပြီးတော့ရုတ်တရက်ကြီးပါလား

Juniorကောဟုတ်ရဲ့လား အမြွှာလဲမဖြစ်နိုင်တာကြီးကို ရူးများသွားတာလား အကြောင်းတစ်ခုခုကြောင့်များ OMG မဟုတ်မှလွဲရော

အော်.ဒါကလွဲဘာကြောင့်ဖြစ်နိုင်ဦးမှာလဲ

"Basကြောင့်လား Basကတောင်းပန်ခိုင်းလိုက်လို့မလားး"
Junior ရုတ်တရက်လန့်သွားပြီး မယုံနိုင်စွာနဲ့
"ဟင် မင်း.. မင်း.. ဘယ်လိုသိ.."

Will You Catch Me?  // KimCopWhere stories live. Discover now