Now everything Change

10 0 0
                                    

At Bangkok,

📲📲📲

"ဟယ်လို Tee??"

"အင်း ငါ Tee ဒါနဲ့အသံက ဘယ်လိုဖြစ်"

"Copလေ ဖုန်းလဲမကိုင်ဘူး စာလည်းပြန်မဖြေဘူး ဘာတွေလျှောက်လုပ်နေလဲမသိဘူး တစ်ခုခုလုပ်လိုက်ရင်ဘယ်လိုလုပ်မလဲ သူ့အိမ်ကလည်းလှမ်းပြောတယ် ငါတို့ကိုလဲ နောက်ဆုံးတွေ့ရတော့မဲ့လူတွေကျနေတာပဲ နှုတ်ဆက်သွားလိုက်တာ ဘယ်မှာမှရှာမရဘူး အဆက်အသွယ်လည်းလုပ်လို့မရနဲ့ စိတ်ပူလို့သေတော့မယ်"

"ခဏ နားနားပြီးပြောပါ ငါပြောတာအရင်နားထောင် ငါအခုထိုင်းမှာ--"

"ဟမ် ဟုတ်လား နောက်ကျတွေ့တာပေါ့ လောလောဆယ် ငါ--"

"ဟေ့ရောင် Copက ငါနဲ့ရှိနေတာ !!!"

"ဘာ! ဟုတ်လား ဘယ်မှာလဲအခု ဘာလို့အစောကမပြောတာလဲ"

"မင်းကနားထောင်လို့လား ပြောချင်တာတွေ ဇွတ်ပြောပြီး ငါပြောတော့ကျလဲ ဖြတ်ပြောနေတာလေ"

"အေးကွာ ဆောရီး ဘယ်မှာလဲ အခုပဲ ငါလာခဲ့မယ်"

" အခုဆေးရုံမှာ ငါလိပ်စာပို့လိုက်မယ် အေးဆေးလာနော် နောက်တစ်ယောက်အတွက်ပါဆေးရုံမစောင့်ချင်ဘူး"

"အေးပါကွာ.."

Bas ကိုယ်တို့ သွားရအောင် Cop ဘယ်မှာလဲ
သိပြီ ....

At Hospital..

ဒေါက် ဒေါက်

" ငါတံခါးသွားဖွင့်ပေးလိုက်ဦးမယ်"

"Omm "

"Ai Cop!! မင်းကိုငါသတ်မယ်.."

"အဟွတ် အဟွတ်"

*ငါတော့ ရေနစ်မသေဘူး လန့်ပြီးသေတော့မှာပဲ*

"ဟင် Ju-Junior, God? Bas? ဘယ်လိုကနေဘယ်လို အ! နာတယ်ဟ" ခေါင်းခေါက်ခံလ်ုက်ရတဲ့ Copလေး

"နာအောင်ခေါက်တာလေ ဒီကောင်စုတ် ဘာတွေလျှောက်လုပ်နေတာလဲ စိတ်ပူပြီး လိုက်ရှာနေရ‌တာကွ"

"အခုတွေ့ပြီမလား မင်းလုပ်မှ လန့်ပြီးသေမှာ"

"ဒီကောင်တော့ နောက်တစ်ချက်ထပ်ခေါက်မှ အသိတရားဝင်မှာလား"
ကြားထဲကရပ်ကြည့်နေတဲ့ Tee ကပဲ

"တော်ကြပါကွာ အခုဘာမှမဖြစ်တော့ဘဲ ပြန်တွေ့ပြီပဲမလား အရင်ကဟာတွေပြန်ပြောမနေတော့နဲ့ ကောင်းတာလည်းမရှိဘဲ "

Will You Catch Me?  // KimCopWhere stories live. Discover now