Finally woke up

7 0 0
                                    

Present time^^

ကျနော်အခုဘယ်ရောက်နေပြန်တာလဲ Cop ကော ပြန်သတိရနေပြီလား ဟုတ်သားပဲ Cop
ကျနော် သူ့ကိုရှာရမယ် သူနဲ့တွေ့ရဦးမယ်
ကျနော်လာရှာမယ်လို့ကတိပေးထားခဲ့တာ
သူစောင့်နေလိမ့်မယ်

ရုတ်တရက် အလင်းတန်းတွေပေါ်လာပြီး စူးလွန်းတာကြောင့် မျက်လုံးကိုကာလိုက်တယ် ဖြည်းဖြည်းချင်းပြန်ဖွင့်ကြည့်လိုက်တော့ မျက်နှာကျက်တစ်ခု ဒါဘယ်နေရာလဲ ဘေးနားမှာ စက်ကိရိယာတွေ လက်မှာဆေးပိုက်တန်းလန်းနဲ့ ကျ‌နော်ဝတ်ထားတာလဲ လူနာဝတ်စုံ ဒါဆိုဆေးရုံပေါ့ ကျနော်ဆေးရုံမှာပဲ ဘယ်လောက်ကြာပြီလဲ ဒီမှာရှိနေခဲ့တာ..

ခဏနေတော့ တံခါးဖွင့်သံကြားလိုက်ရတယ် လှမ်းကြည့်လိုက်တော့
Phi Tae.....ပါလား
အလျင်အမြန်ပဲ ဝရုန်းသုန်းကားနဲ့ အနားရောက်ချလာပြီး ကျနော့်ကိုပွေ့ဖက်ထားခဲ့တယ်

"Yarrr...ဘာလို့ဒီလောက်အကြာကြီးအိပ်နေရတာလဲ မင်းကတကယ်အိပ်ပုတ်ပဲ အမေတို့ မင်းမနိုးလာ‌တော့မှာကိုတွေးပြီး နေ့တိုင်း ဝမ်းနည်းနေကြရတာအခုမင်းအခြေအနေတိုးတက်လာတယ်လို့ပြောလို့ ပျော်နေလိုက်တာများ မင်းသိလား သိလားလို့ ကောင်စုတ်လေးရဲ့"

"ဖြည်းဖြည်းပြောလဲရပါတယ် Phi ရယ် အခုမှနိုးလာတဲ့သူကို လန့်အောင်လုပ်နေတာပဲ
နှလုံးရှော့ရပြီး မေ့လဲသွားရင်ဘယ်လိုလုပ်မလဲ"

"နောက်တစ်ခါထပ်အိပ်သွားလို့ကတော့ ကုတင်ပေါ်ကနေကန်ချပစ်မှာ"

"O.O ရက်စက်ချက်ပဲ ကျနော်ကလူနာပါနော် အခုမှ ပြန်သတိရလာတာကို ဒိီလိုဆက်ဆံတယ်ပေါ့ ဒါနဲ့ ဒါကဘယ်မှာလဲ"

"ဆေးရုံလေး ဘာလဲ ဦးနှောက်ပါထိသွားသေးတာလား ဆရာဝန်ပြောတုန်းက မထိပါဘူးတဲ့"

"အော်ဟော် ဆေးရုံကတော့သိတာပေါ့ ဘယ်ဆေးရုံလဲလို့မေးတာ"

"အခုလား လန်ဒန်မှာ အမေတို့က မင်းဒိီလိုဖြစ်သွားတာကို လက်မခံနိုင်ကြဘူး‌လေ မရရအောင်ကုမယ်ဆိုပြီး အဖေကလည်းဒီမှာ အလုပ်ချဲ့ထွင်ဖို့ရှိတာနဲ့ တစ်မိသားစုလုံးပြောင်းလာတာ အဖေကတော့အမြဲမနေဘူးပေါ့ တစ်ခါတစ်လေ ဟိုကအလုပ်ပေါ်လာရင် သွားရသေးတယ်"

Will You Catch Me?  // KimCopWhere stories live. Discover now