We can happy now

8 1 0
                                    

နေ့ရက်တွေကပုံမှန်အတိုင်းပဲ လည်ပတ်နေတယ် ကျနော်တို့နှစ်ယောက်ရဲ့ conversation လေးတွေကလဲ ဆက်လက်ဖြစ်တည်နေဆဲပဲ ဒါမဲ့ ကျနော် God နဲ့ Bas ကိုအဲ့အကြောင်းတွေမပြောဖြစ်တော့ဘူး အထူးသဖြင့် Bas ပေါ့ နာကျင်စရာ အတိတ်ရဲ့အမှတ်တရတွေကနေ ခက်ခက်ခဲခဲ မေ့ပျောက်ထားရတာ နောက်တစ်ခါ မသေချာတဲ့ မျှော်လင့်ချက်တွေနဲ့ ထပ်မနာကျင်စေချင်ဘူး

Junior ကတော့ အရင်ကထက်ပိုကောင်းတဲ့လူတစ်ယောက်ပေါ့ ကြည့်ရတာ ကျောင်းရဲ့ လူမိုက်လိုလုပ်နေတာက သူ့အတွက် ဘာမှကောင်းတာဖြစ်မလာနိုင်ဘူးဆိုတာ သိသွားလို့များလား

ဒါမဲ့လဲ ခံစားချက်က အရင်က နဲ့မတူတော့ဘူး အခု Phi Kim က ဘာလဲဆိုတာသိသွားပြီ အပြန်အလှန်စာပို့နေချိန် သာမန်လူတစ်ယောက်လို emotionsတွေနဲ့ ပို့နေပေမဲ့ တကယ်လူတစ်ယောက်လိုမခံစားမိတော့ဘူး တကယ့်အစစ်အမှန်တွေနဲ့မတူတော့သလို PhiKimက သူရဲ့စိတ်ကူးထဲကလူတစ်ယောက် သူပုံဖော်ထားတဲ့လူတစ်ယောက်လိုပဲခံစားနေရတယ် အဲ့တာကနာကျင်ရတယ် အပြင်မှာတကယ်မရှိတဲ့လူတစ်ယောက်ကို နှစ်သက်သဘောကျမိတဲ့သူက အရူးတစ်ယောက်လိုပဲလား သူ့အတွက်ရင်ထဲကဖြစ်တည်လာတဲ့ခံစားချက်တွေက ရူးကြောင်ကြောင်နိုင်သလိုဖြစ်သွားလား ဘုရားရေ ပြန်စဉ်းစားကြည့်ရရင် သူချစ်မိသွားတဲ့လူက တကယ်တည်ရှိမရှိ မသေချာတဲ့ ဝိညာဉ်တစ်ယောက်ကိုပါလား

စိတ်အခြေအနေ‌ကောင်းတဲ့နေ့တွေမှာဆို  ကျနော့်ရဲ့ခံစားချက်တွေကို သေချာပြန်ဆန်းစစ်မိတယ် ဆိုးရွားလွန်းတဲ့နေ့ရက်တွေမှာ သည်းထန်စွာ ငိုမိတယ် မျက်လုံးတွေဖောင်းအစ်‌နီရဲလာတဲ့အထိပဲ

ဒါမဲ့ စာပို့စာပြန်ကတော့ ဘယ်တော့မှရပ်မသွားဘူး အစစ်အမှန်လို့မခံစားရတော့ပေမဲ့ အရင်က Phi Kim ပြောဘူးတယ် ကျနော့်အနားမှာ သူအမြဲရှိနေပါတယ်တဲ့ ကျနော်က သူနာကျင်နေရတာတွေ သူအထီးကျန်နေရတာတွေကို ပျောက်ကင်းစေတဲ့ တစ်ခုသော အဖြေတဲ့ ဒါနဲ့တင်လုံလောက်ပြီ သူ့ကိုထပ်မနာ‌ကျင်စေချင်ဘူး
အထီးကျန်တာက ဘယ်လိုဆိုတာကျနော်ကောင်းကောင်းကြီးသိတာမလို့ ဘယ်တော့မှ သူ့ကိုအထီးကျန်မနေစေချင်ဘူး ကျနော်နာကျင်နေရလဲဖြစ်တယ်
တကယ်မရှိနိုင်တဲ့လူကို ချစ်မိသွားလို့  အစစ်အမှန်မဟုတ်တဲ့ လိမ်ညာမှုတွေကို အမှန်‌တွေပါလို့ ကျေနပ်စွာပဲ လက်ခံမယ် ကျနော်တို့နှစ်ယောက်လုံး မနာကျင်မဲ့နည်းကောမရှိဘူးလား  နှစ်ယောက်လုံးပျော်ရွှင်ပြီး အတူရှိနေနိုင်မဲ့နည်းလမ်း ဖြစ်နိုင်ခြေနည်းပေမဲ့ နည်းတစ်ခုတော့ရှိတယ်

Cop တစ်ယောက် လက်ထဲက စာရွက်လေးကို ကျေနပ်စွာ တစ်ချက်ကြည့်လိုက်မိတယ် ပြီးတော့ သူခေါင်းအုံးလေးပေါ်ကို သေချာလေးတင်ထားခဲ့လိုက်တယ်  ခဏနေတော့ လွယ်အိတ်ကိုဆွဲပြီး အခန်းပြင်ထွက်မလို့လုပ်လိုက်တယ် မသွားခင် တစ်ချက်ပြန်ပြီး သေချာပြန်ငေးကြည့်လိုက်တယ် နောက်ဆုံးအကြိမ်လေးပေါ့...

အဲ့နောက် God အိမ်ကိုသွားလိုက်တယ်
"အယ် သားCopအိမ်လည်လာတာလား မင်းသူငယ်ချင်းကအပြင်ခဏသွားတယ်တဲ့ လာလေအထဲဝင်စောင့်နေ"

"အာ နေပါစေ ရပါတယ် ကျနော်က စာအုပ်ငှားထားတာလာပို့တာ" ပြောပြီးလက်ထဲကစာအုပ်လေးကိုလှမ်းပေးလိုက်တယ် God အမေက စာအုပ်ကိုယူလိုက်ပြီး နွေးထွေးစွာပြုံးပြတယ် ပြီးနောက်" အိမ်ထဲဝင်ပါဦးလား မလာတာတောင်ကြာနေပြီကို"

"ရပါတယ် ကျနော်ချိန်းထားတာလေးရှိသေးလို့ပါ"

"ဟုတ်ပါပြီရှင် သွားပါ သွားပါ စောင့်ခိုင်းမိရင်မကောင်းဘူးမလား "

Cop ခေါင်းငြိမ့်ပြလိုက်ပြီး ‌ God အမေကို တာ့တာပြရင်း ထွက်လာလိုက်တယ် ပြီးနောက် ဦးတည်ရာဆီကို သွားလိုက်တယ်

ခြေလှမ်းတွေကပေါ့ပါးသွက်လက်စွာ ခံစားချက်ကလည်း ပေါ့ပါးလန်းဆန်းနေတယ် လွတ်လပ်ပေါ့ပါးစွာဘဲ ဆက်လျှောက်နေရင်းက ရင်းနှီးနေတဲ့တံတားတစ်ဆင်းကိုရောက်လာတယ် တံတားလက်တန်းပေါ်ထိုင်လိုက်ရင်း အောက်ခြေက ရေပြင်ကျယ်ကြီးကို ငေးကြည့်မိနေတယ် ကြည်လင်နေတဲ့ရေတွေက သူ့ကိုဆင်းခဲ့ပါဟု ဖိတ်ခေါ်နေသယောင်......

Will You Catch Me?  // KimCopWhere stories live. Discover now