U R My 🌻

16 1 2
                                    

"သားလေး ဆေးရုံကဆင်းတဲ့အခါ အိမ်ပြန်လိုက်ချင်လား တိုက်ခန်းမှာပဲနေချင်လား
သားဘာလုပ်ချင်ချင် မေမေတို့က အကုန်လုပ်ပေးမှာ နောက်တစ်ခါထပ်ပြီး ဆုံးရှုံးရမှာကို မခံစားချင်ဘူးကွယ်"

"သား တိုက်ခန်းမှာပဲပြန်နေလိုက်မယ် ကျောင်းတစ်ဖက်နဲ့ဆိုတော့"

"အင်းပါ သားသဘော ကျောင်းတက်ရတာကောအဆင်ပြေလား"

"ဟုတ်ပြေပါတယ် အစက မေမေတို့စိတ်တိုင်းကျ တက်ခဲ့ရပေမဲ့ သားကိုယ်တိုင်ကလည်းစိတ်ဝင်စားသလိုရှိပါတယ် စာများတာလေးပဲ"

"ဟုတ်ပါပြီရှင် သားငယ်လေးတောင် ဆရာဝန်ကြီးဖြစ်တော့မယ် သားကိုကိုနဲ့ မမလည်း ဂျူတီအားတာနဲ့ သားဆီလာခဲ့မယ်တဲ့"

"ဟုတ်_"

"မေမေတို့လဲ နောက်ဆို ပိတ်ရက်တွေဖြစ်ဖြစ် တစ်လတစ်ခါဖြစ်ဖြစ် လာခဲ့မယ်နော် သားလည်းကျောင်းပိတ်ရက်တွေ အိမ်ပြန်လာခဲ့ပါဦး မေမေဆရာဝန်ကြီးဆီသွားပြီး ဆေးရုံဆင်းမဲ့အကြောင်းရယ် ကျန်တဲ့လိုအပ်တာလေးတွေ သွားမေးလိုက်ဦးမယ်နော်"

*ကျနော်လဲ ဆေးရုံကဆင်းရတော့မယ် Kim ကော တစ်နေနေရာမှာ အဆင်ပြေနေလောက်တယ်မလား ကျနော်ကစောင့်နေမှာမို့ ကျနော့်ဆီသာအရောက်လာခဲ့ပေးပါ ကိုကို~~

ဒီနေ့ ဆေးရုံဆင်းဖို့ အားလုံးပြင်ဆင်ပြီးပြိ အိမ်ကလူတွေအကုန်လာတွေ့ကြတယ် မိသားစုရဲ့နွေးထွေးမှုအသိုက်အမြုံလေးကို ခံစားခဲ့ရဘူးပြီ..

ဆေးရုံပြင်ပကို ခြေချလိုက်တာနဲ့ အရာအားလုံးကအသစ်တစ်ဖန်ပြန်မွေးဖွားလာခဲ့ပြီ နောက်ဆုံးတော့ ကျနော့်တောင်းဆုတွေပြည့်ခဲ့ပြီ နွေးထွေးတဲ့မိသားစု စစ်မှန်တဲ့သူငယ်ချင်း ဖြူစင်တဲ့မေတ္တာတွေနဲ့ အထီးကျန်ဝမ်းနည်းမှုဆိုတာ မသိရလောက်အောင် ပျော်ရွှင်ရတဲ့ဘဝလေးတစ်ခု...

ကျောင်းတက်ရတာလဲ ပျော်စရာကောင်းသွားပြီ ကျနော့်မှာ အခုဆို တကယ့် သူငယ်ချင်းလေးယောက်တောင်ရှိနေပြီလေ Teeကတော့ ကျောင်းသားမဟုတ်တာတောင် ကျောင်းထဲလာလာနေတာများ ဆရာဆရာမတွေတောင် သူ့ကိုအလွတ်မှတ်မိနေပြီ
God နဲ့ Bas အတွဲလေးက ‌လူတိုင်းအားကျရတဲ့ အတွဲလေး
Bas ကြောင့် ကျနော်တော့ ချစ်ဖို့ကောင်းတဲ့ညီလေးတစ်ယောက်ရလိုက်သလိုပါပဲ  Juniorက အခုဆို လိမ္မာနေပါပြီ အားကိုးရတဲ့ ကျောင်းသားခေါင်းဆောင်ကြီးပေါ့ ကျနော့်အပေါ်မှာကောင်းပြီး တခြားသူအနိုင်လာကျင့်ရင် သူက ကာကွယ်ရန်ဖြစ်သေးတာ တစ်ခါတစ်လေပြောသေးတယ် သူပဲအနိုင်ကျင့်မှာ ကျန်တဲ့လူတော့ လုံးဝအထိမခံဘူးဆိုပဲ...

You've reached the end of published parts.

⏰ Last updated: Oct 30, 2021 ⏰

Add this story to your Library to get notified about new parts!

Will You Catch Me?  // KimCopWhere stories live. Discover now