နောက်ဆုံးတော် ရောက်လာခဲ့ပြီ ကျွန်တော်အရမ်းမျှော်လင့်နေရတဲ့နေ့။
ကျွန်တော်တို့ တက္ကသိုလ် စတက်ရမယ့်
နေ့။ ဂျောင်ကုနဲ့ Major မတူလဲပဲ သူနှင့်
တစ်ကျောင်းထဲ တက်ခွင့်ရတာပဲ ကျေးဇူးတင်လှပါပြီ။
ဘယ်လိုပဲဖြစ်ဖြစ် သူ့အပေါ်ဂရုစိုက်မှု
တွေကတော့ဘယ်လိုနည်းနဲ့မှ မလျှော့သွား
ပါ။ ချစ်ရသူအတွက်တော့ရတဲ့နည်းနဲ့ပေးဆပ်ဦးမှာ။ဘယ်သူမို့လို့လဲ. . .ပတ်ဂျီမင်းပဲလေ။
မနက်စာစားပြီး အိုမားကိုနှုတ်ဆက်ခါ ထွက်ခဲ့သည်။ခြံထဲမှ ရပ်ထားတဲ့ စက်ဘီးလေးကတော့ သူ့သခင်ထွက်သွားတဲ့ ကျောပြင်လေးကိုကြည့် ပြီးငိုနေမလားပဲ။
ဂျောင်ကုကိုဝင်ခေါ်ပြီး busကား မှတ်တိုင်သို့ နှစ်ယောက်သားလမ်းလျှောက်
လာသည်။
'ဟျောင်း ဟိုရောက်ရင် ကျွန်တော့်ကို့
ပြစ်မထားနဲ့ဦးနော် ဟွန့်' နှုတ်ခမ်းလေးဆူကာ ချစ်စရာကောင်းအောင်ပြောလာတဲ့ သူ့ရဲ့ ကလေး။
ကလေးသာပြောရတယ် သူ့ခန္ဓာကိုယ်
က ဒီနွေရာသီအတွင်းမှာ အတော်ထွားလာတာပဲ။ ကို့ထက်ခေါင်း တစ်လုံးပိုမြင့် နေတယ်။
'အေးပါ...မင်းကပဲပြောရတယ်ရှိသေး ငါမင်းကိုဘယ်တုန်းက ထားခဲ့ဖူးလို့လဲ
ဂျောင်ကုရဲ့'
'သိပါတယ် ဒါပေမယ့်ဟျောင်းက အရမ်း လူချစ်လူခင်ပေါတော့ ကျွန်တော်ကို
ပစ်ထားမှာကြောက်လို့'
အတော်စကားတတ် တဲ့ ချစ်ရသူပါလေ။ 'ဟျောင်းကမင်းကို ဘယ်တော့မှမပြစ်ထားပါဘူး နေ့လည်ကျရင် ကန်တင်းအတူသွား
မယ်လေ'
'အင်း ကျွန်တော်လာခေါ်မယ် စောင့်နေ'
busကား လာလို့ပြောလက်စကိုဖြတ်ပြီး ကားပေါ်တက်ကြသည်။
အရင်လို သူ့ခါးလေး ဖတ်ပြီး ချယ်ရီပင်
တွေကို နမ်းရှိုက်ရတဲ့ ခံစားချက်ကိုတော့အတော်လွမ်းမိသား။ကျောင်းရောက်တော့ နှုတ်ဆက်ပြီး
ကိုယ့် major ကိုသွားရသည်။
အခန်းရှာတွေ့၍ ဝင်ကြည့်သော် အတော်အများက ရောက်နှင့်နေကြပြီ။
ဂျီမင်းလဲ နောက်ဆုံးကလွတ်တဲ့နေရာမှာဝင်ထိုင် လိုက်သည်။ အခုလိုကြတော့လဲသူ့ သူငယ်ချင်းကြီး Taehyung ကိုလွမ်းမိသား။ထယ်က သူနှင့်မေဂျာမတူဘူးလေ။အခုတော့ သူတစ်ယောက်ထဲ။
ဂျောင်ကုတစ်ယောက်သူ့ကိုသာပစ်မ
ထားနဲ့တဲ့ အခုကျအတန်းထဲရောက်ပြီလို့တောင် Message ပို့ဖော်မရ။ဟွန့်နေ့
လည်ကန်တင်းရောက်ရင် ပြောဦးမယ်။