ညနေကျောင်းဆင်းတော့ဂျီမင်တစ်ယောက် သူများတေလိုပြုံးရွှင်ပြီးမပြန်နိုင်။
အမြဲတမ်း ကျောင်းသွားလဲအတူတူ ပြန်လဲအတူတူ တစ်နေ့မှမပျက်ကွက်ပဲ သူနဲ့အဖော်လုပ်ပေးတဲ့Jeonက မနေ့တစ်နေ့ကမှတွေ့တဲ့ ထိုမိန်းကလေးအတွက်နဲ့ပစ်ထားသွားတာ။
အဟက်...ပစ်မထားပါနဲ့လို့ပြောတာလဲမင်းပဲ။ပစ်ထားသွားတာလဲမင်းပဲ။ ဒါပေမယ့် ငါ့နှလုံးသားက မင်းအတွက်ဆို ဘယ်တော့မှ စိတ်မကုန်သွားဘူး။
ကျောင်းထိပ်ဝကိုရောက်တော့ ဂျောင်ကုနှင့်ဟိုမိန်းကလေး နှစ်ယောက်ယှဉ်ကာ ထွက်သွားသည်။
ထိုမြင်ကွင်းကိုရပ်တန့်နိုင်စွမ်းရှိရင် သိပ်ကောင်းမယ်။Jeon ငါကအဲ့လောက်ကြီး မခံစားနိုင်ဘူး ကွ။
ထိုမြင်ကွင်းပျောက်သွားတဲ့အထိ သူရပ်ကြည့် နေမိသည်။'ဟိတ် ကောင်လေး မပြန်သေးဘူးလားသူများတေတောင်ပြန်ကုန်ပီ ဘာလဲတစ်ယောက်ထဲ သရဲနဲ့အတူ ညအိပ်မလို့လား'
လှည့်ကြည့်တော့ ဘေးမှလာရပ်ပြီး ပြောနေတဲ့ Yoongi Hyung
'အာ ဟျောင်းကလဲမဟုတ်ပါဘူး ဒီအတိုင်းပဲ တစ်ယောက်ထဲအိမ်ပြန်ရမှာ ပျင်းလို့'
'တစ်ယောက်ထဲပြန်ရမှာပျင်း ရင်ကိုယ်နဲ့အတူပြန်မယ်လေ ကိုလဲတစ်ယောက်ထဲပြန်ရမှာ'
'ဟင် ဟျောင်းလဲSeogyo-dongမှာနေတာလား'
'အင်းလေ လာပါ အတူတူုပန်ရအောင်'ဘာပဲပြောပြော တစ်ယောက်ထဲပြန်ရတာထက်စာရင် အဖော်ပါတာကောင်းပါတယ်။
'ဂျီမင်း မင်းမှာချစ်သူရှိလား' ယွန်းဂီဟျောင်း ကစမေးလာသည်။
'ချစ်သူတော့မရှိပါဘူး ချစ်ရသူတော့ရှိတယ် ဒါပေမယ့်သူ့မှာလဲ သူချစ်ရတဲ့သူရှိနေတယ်ဗျ' ဂျီမင်းမျက်နှာလေးညိုးငယ် စွာပြန်ဖြေမ်သည်။
'တစ်ကယ်လို့ သူနဲ့မဖြစ်နိုင်တော့ဘူးဆိုရင်ရော နောက်တစ်ယောက်ကို စဉ်းစားပေးမှာလား' ယွန်းဂီ မသိမသာ အစ်အောက်၍မေးကြည့်သည်။
'အဟား...ကျွန်တော့ကိုဘယ်သူကကြိုက်မှာလဲဟျောင်းကလဲ မရှိလောက်ပါဘူးဗျာ'