မနေ့ညက ဂျောင်ကု ဖုန်းဆက်ပြီး ကျောင်းစောစောသွားရအောင်ဟုဆို၍ သူဒီနေ့အစောကြီးထရသည်။
ဒီနေ့ကျောင်းသွားရမှာ ဂျီမင်းစိတ်လေးနေမိသည်။မနက်စာတောင် ကောင်းကောင်း မစားနိုင်ဘူး။
ဂျောင်ကုအိမ်ရှေ့သို့ဖြေးဖြေးသွားကာ စောင့်နေလိုက်သည်။မကြာပါ Jeon
ထွက်လာတယ်။သူ့ကိုကြည့်ရတာတော့ အတော်တက်ကြွနေတာပဲ။အမြဲတမ်းနဖူးရှေ့မှာဝဲကာ ချထားတဲ့ဆံပင်လေးက အခုကျတော့ သပ်ရပ်စွာ ဂျယ်
လေးနဲ့ လှန်တင်ထားတယ်။အမြဲတမ်းT shirt နဲ့ Pants နဲ့ကို ရိုးရှင်းစွာဝတ်တဲ့သူက အခုတော့ ကြယ်သီးအပြည့်ပါတဲ့shirt ရယ် Jean အပြာဖျော့လေးကို စတိုင်ကျစွာဝတ်ထားတယ်။
လက်မှာလဲ တောက်ပြောင်နေသောနာရီ။မင်းက ဒီလိုတေပြောင်းလဲရတဲ့အထိဖြစ်နေပြီလား ဂျောင်ကု။
'ဟျောင်း ဘာတေဒီလောက်ကြည့်နေတာလဲ သွားမယ်လေ'
'ဪ အေးသွားမယ်'ကျောင်းရောက်တော့ ဂျောင်ကုကသူနဲ့သွားစရာရှိလို့ခန လိုက်ခဲ့ပေးပါဆိုပြီး သူခေါ်ရာနောက်လိုက်ရသေးတယ်။
ဟင် ဒါသူတို့Major acting club ကြီးမလား။သူကဘာကိစ္စ ဒီကို. . . .
ဂျောင်ကုကိုလှည့်ကြည့်တော့ သူ့မျက်လုံးတေကမနေ့က Canteenမှာ တွေ့တဲ့ ကောင်မလေးကိုကြည့်တဲ့အတိုင်း။မဟုတ်မှ. . . . မနက်အစောကြီးကျောင်းစောစောလာတာ ဒါကြောင့်ကို။ဂျောင်ကုရယ်မင်းငါ့ကို ရက်စက်တဲ့နေရာမှာဆရာ ပါပဲ။
'ဟျောင်း ကျွန်တော့သူ့ကိုလိုက်မလို့ သူ့နာမည်က Young sally တဲ့'
ဂျောင်ကု မင်းငါ့ကိုသေစေ ချင်နေတာလား ကွာ။
'မင်းသူ့ကို တစ်ကယ်ချစ်တာလား ဒါမှမဟုတ် စိတ်ကစားတာလား ဂျောင်ကု'
'မသိဘူးဟျောင်း ဒါပေမယ့် သူ့ရဲ့ အေးချမ်းတဲ့ မျက်နှာလေးကို သဘောကျမိလို့'
'ဪ အင်း' ဂျီမင်း အခုချိန်ဘာမှပြန်မပြောချင်တော့ ဒီနေရာကထွက်သွားချင်ပြီ။
'ဟျောင်း ဟျောင်းလို့ ဘာတွေဒီလောက်တွေးနေတာလဲ''ဟင် ဂျောင်ကုဘာပြောလိုက်တာလဲ'
'ကျွန်တော်သူ့ကိုလိုက်မလို့ အဲ့တာဘယ်လိုသဘောရလဲလို့'
'ငါကဘယ်လိုသိမလဲ. . . မင်းပျော်ရင် ကျေနပ်ရင် လိုက်ပေါ့ကွာ အခုတော့ Namjoon ကစောင့်နေမယ်ထင်တယ် သွားပြီ'
ဂျောင်ကုပုခုံးကိုနှစ်ချက်ပုတ်ကာပြောလိုက်သည်။
'ဟာဟျောင်းနေ ဦးလေ'
ဂျောင်ကု၏ ခေါ်သံအား ယစ်လျူရှု့ ကာထွက်ခဲ့သည်။