ဒီနေ့တော့ ဂျီမင်း တစ်ယောက်တက်ကြွနေသည်။အရင်နေ့တွေက ကျောင်းသွားရတာ ငရဲကျသလိုပဲ။ဒီနေ့ တော့အရင်လိုJeon နဲ့အတူသွားရတော့မယ်။
အဟိ...တွေးရင်းမျက်နှာကပြုံးနေတာပဲ။အောက်ဆင်းလာခဲ့သည်။
'ငါ့သား ဒီနေ့အတော် တက်ကြွနေပါလား ဘာလဲကောင်မလေးရနေပြီလား'အမေက ပြုံးပြုံးကြီးသူ့ကိုလာကြည့် ၍မေးသည်။အမေရေ ကောင်မလေးတော့မဟုတ်ဘူး ကောင်လေးဗျ ကောင်လေး ခိခိ။ဂျီမင်း စိတ်ထဲကနေသာ ပြန်အော်ပြောလိုက်သည်။
မနက်စာအမြန်စားပြီး အိမ်ထဲကနေအမြန်ထွက်ခဲ့သည်။တော်ကြာ ဂျောင်ကုကစောင့်နေရတာ ကြာလို့ဆိုပြီး သူ့မစောင့်ပဲထွက်သွားမှဖြင့်။
အပြင်လဲရောက်ရော သူ့အိမ်ရှေ့မှစောင့်နေတဲ့ ဂျောင်ကု။
'ဂျောင်ကု ဟျောင်းပြီးပြီ သွားမယ်'
'ကြာလိုက်တာဟွန့် ပဲကလဲများသေး လာသွားမယ်' ဟုငေါက်ကာ အရှေ့ကနေထွက်သွားသည်။သည်းခံ ဂျီမင်းသည်းခံ ခနလေးပဲ သူ့ကိုအလိုလိုက်ထား။ချစ်သူဖြစ်သွားရင်တော့ အဟ်းဟင်း။အတွေးနဲ့တင်ကျေနပ်နေသောနစ်ယောက်။
ကျောင်းရောက်တော့ ထုံးစံအတိုင်း ဂျီမင်းကိုအရင်ပို့ပြီးမှ သူ့အတန်းသူသွားရသည်။Park jimin ကတစ်ကယ်တော့ ချစ်ဖို့ကောင်းတယ်။ချစ်ဖို့ကောင်းတာထက် လှတာ။
ကမ္ဘာပေါ်မှာ သူ့လောက်လှတဲ့သူရှိပါ့မလား။ဂျောင်ကု သူ့ကိုသူ နောက်မှ နားလည်လာတာကို တော်တော်နောင်တရပါသည်။သူ့ကို အမှန်တစ်ကယ် ဂရုစိုက်ပြီး တစ်ကယ်ချစ်တာ Park jimin တစ်ယောက်ပဲရှိတယ်။
သူဘာလိုဒါကိုမမြင်ရပါလိမ့်။ဒါပေမယ့် စိတ်ချ ဟျောင်း ကျွန်တောက အခုချိန်ကစ
ပြီး ဟျောင်းကိုတန်ဖိုးထားပြီးချစ်ပေးတော့မှာမို့။နောက်ထပ် လက်မလွှတ်တော့ဘူး။
'ဟိတ် ဂျီမင်းဘာတွေဒီလောက်ပျော်နေတာလဲ ပြုံးဖီးနေတာ နွားပွဲစားကြီးကျနေတာပဲ'
အတန်းထဲဝင်လာထဲက မျက်နှာက တစ်ခုခုကို တွေးပြီး ပြုံးနေလို့ နမ်ဂျွန်း လဲကြည့်မရစွာ မေးလိုက်တော့သည်။