[ Zawgyi ]
သူ့မျက်လုံးက အမြင်တွေဝေဝါးနေပြီး ပါးစပ်ထဲကနေ ရေပူဖောင်းတွေ ပလုံစီအောင်ထွက်နေတယ်။
လက်နှစ်ဖက်ကိုဝေ့ယမ်းပြီး သူ့လက်ထဲက လွတ်ထွက်သွားတဲ့ ကောင်လေးကို လိုက်ရှာနေမိတယ်။ ဘေးပတ်လည်ကို အလျင်အမြန်ကြည့်ပြီး သူစိုးရိမ်တကြီး လိုက်ရှာလိုက်ပေမဲ့ ဘာမှမတွေ့။ ရေအောက်ကို ထပ်ပြီး ငုံ့လျှိုးလိုက်ပြီး ကြည့်လိုက်တော့ ပခုံးတစ်ဖက်ကသွေးတွေထွက်ပြီးရေအောက်ကိုတဖြည်းဖြည်းမြုပ်နေတဲ့ Y ကို မြင်လိုက်ရတယ်။သွေးတွေက သူ့ကို လမ်းပြပေးနေသလိုဖြစ်တာကြောင့် ချက်ချင်းပဲ ရှာတွေ့သွားတယ်။
သူ အလျင်အမြန်ရေအောင်ကို ကူးခက်လိုက်ပြီး ကောင်လေးဆီကို သွားလိုက်တယ်။ သတိလစ်နေတဲ့ Y ရေထဲမှာလွင့်မြောနေသလိုပဲ။
Devan ချက်ချင်း Y ကိုလက်တစ်ဖက်နဲ့ ဖက်တွယ်လိုက်ပြီး ပါးလေးကို နောက်ထပ်လက်တစ်ဖက်နဲ့ ပုတ်လိုက်တယ်။ မျက်လုံးဖွင့်မလာတဲ့ Y ကြောင့် သူစိတ်ပူသွားပြီး ရေမျက်နှာပြင်ပေါ်ကို အမြန်ကူးတတ်လာခဲ့တယ်။
အပြင်ရောက်မှ အသက်ဝဝရှူလိုက်ပြီး လက်ထဲက Y ကိုလဲ လွတ်ထွက်မသွားအောင်တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားလိုက်တယ်။ သတိလစ်နေတဲ့ Y ကြောင့်သူစိုးရိမ်စိတ်တွေတဟုန်ထိုးတတ်လာတယ်။ကျယ်ပြောလှတဲ့ ပင်လယ်ကြီးထဲ သူတို့နှစ်ယောက်တည်းရှိနေတယ်။
ဒီလိုပုံစံနဲ့ တစ်နေရာရာကိုလက်ပစ်ကူးသွားဖို့ကမဖြစ်နိုင်။ သူတို့စကျတုန်းက ချောက်ကမ်းပါးအောင်ဆိုပေမဲ့ အခုတော့ ပင်လယ်ရဲ့ အလယ်နားကိုတောင်ရောက်နေပြီ။Y ကို တင်းတင်းကျပ်ကျပ်ဖက်ထားပြီး လွတ်မထွက်သွားစေဖို့ သူကြိုးစားရတယ်။
သူပတ်ဝန်းကျင်ကို ငေးကြည့်နေတုန်းမှာပဲ ရုတ်တရက်စက်သံကိုကြားလိုက်ရတာကြောင့် Devan အလျင်အမြန်ပဲ အသံကြားရတဲ့ဖက်ကိုလှည့်ကြည့်လိုက်တယ်။ အဖြူရောင်သဘောင်္ငယ်လေး ကသူ့ဆီကိုဦးတည်ပြီးမောင်းလာတာကြောင့် Devan အံ့သြသွားတယ်။တဖြည်းဖြည်း အနားရောက်လာတဲ့ သဘောင်္လေးကြောင့် သူအပေါ်က လူကိုမြင်ပြီး ပြုံးလိုက်တယ်။