(4)

2.8K 405 21
                                    

[  Zawgyi  ]
  
ရှေ့တည့်တည့်မှာ ငုတ်တုတ်ထိုင်နေပြီး နဖူးမှာ ပလာစတာကပ်ထားတဲ့ Devan ကိုကြည့်ကာ Y မျက်နှာမဲ့လိုက်တယ်။

အခုမှ သူ့ကိုလာပြီးအပြစ်တင်နေရင်တော့ သေးနဲ့ပန်းပြမယ်။သူလက်ပိုက်ပြီး ဆိုဖာပေါ်မှာ ဇိမ်နဲ့ထိုင်လိုက်ပြီး ခပ်တည်တည်ပဲနေလိုက်တယ်။

Devan ကတော့ ဒူးနှစ်ဖက်နဲ့ တံတောင်ကိုထထားပြီး လက်တစ်ဖက်က နဖူးက ဒဏ်ရာကိုဖွဖွထိနေတယ်။

"ဘာဖြစ်ဖြစ် ညက ကိစ္စက ကျွန်တော့်အမှားတစ်စက်မှမပါဘူး "

သူပြောလိုက်တော့ Devan ကမော့ကြည့်လျာယ်။ မျက်နှာက မကျေနပ်သလိုလိုနဲ့ဖြစ်နေတာကြောင့် သူတော်တော်အံ့သြသွားတယ်။အမှားစလုပ်တာ ဘယ်သူမို့လို့လဲ။

"ခင်ဗျားဘာသာ မူးပြီးအခန်းထဲရောက်လာတာနော် ... ပြီးတော့ မူးပြီးစနမ်းတာလဲ ခင်ဗျားပဲ "

"ငါခေါင်းပေါက်တော့မလို့"

"ဒါက ခင်ဗျားကိစ္စလေ ... ကျွန်တော်က လုပ်သင့်တာကိုလုပ်တာ ... အပြစ်မရှိဘူး"

"မင်းကရောဘာကိုအဲ့လောက်တောင်ဆက်တက်ထိမခံဖြစ်နေတာလဲ ... ဘာလဲ ရှက်နေတာလား"

Devan ရဲ့စကားကြောင့် သူတော်တော်လေးအံ့သြသွားတယ်။ ဘာတဲ့ .. ရှက်နေတာလားဆိုပဲ ။ သူအောက်နှုတ်ခမ်းကိုဖိကိုက်ပြီး ရှေ့က Devan ကို စူးစိုက်ကြည့်လိုက်တယ်။

"ဘာကိစ္စရှက်ရမှာလဲ .... ဒီကိစ္စကရှက်စရာမှမဟုတ်ဘဲ ... "

Devan က ဆက်မပြော။ ပခုံးတွန့်ပြပြီး ကော်ဖီခွက်ကိုယူပြီးအေးအေးဆေးဆေးသောက်နေတာကြောင့် သူပိုပြီးဒေါသထွက်ရတယ်။ဘာလဲ။

သူကပဲ တမင်ကြီး စကားမရှိစကားရှာနေတဲ့သဘောဖြစ်နေတာလား။ဒါပေမဲ့ ဒီလောက်နဲ့ မတင်းတိမ်နိုင်။ သူသိချင်တာကိုသိရအောင်မေးဖို့ဆုံးဖြတ်လိုက်တယ်။

"ခင်ဗျားက Gay လား"

သူမေးလိုက်တော့ Devan က မျက်လုံးကိုလှန်ကြည့်လာတယ်။သောက်နေတဲ့ကော်ဖီခွက်ကိုအောက်ချလိုက်ပြီး သူ့ကိုစိုက်ကြည့်လာတယ်။

ဘာလဲ။ သူမေးတာကိုဖြေတော့မဲ့သဘောလား။ Y အားတတ်သွားပြီး ဆက်ပြီးမေးဖို့ ပြင်လိုက်တယ်။

Just Romance ♥️ Tempat cerita menjadi hidup. Temukan sekarang