Part2(uni+zawgyi)သုံးယောက်ပေါင်းလောင်းကျော်

313 20 4
                                    

Uni
"ကကြီး နင်တကယ်ပြောနေတာလား"

ခခွေးမေးတာကို ကကြီးတစ်ယောက် စိတ်ပျက်သလိုနဲ့ ကြည့်ပြီး

"ငါဘယ်နှခေါက်ပြောရမလဲ နင်ခဏခဏမမေးစမ်းနဲ့ဟာ "

ဂငယ်ကတော့ ကကြီးအကြောင်းသိလို့ ဘာမှဝင်မပြော

"ဒါဆိုဘယ်တော့ စမှာလဲ"

"မုန့်စားဆင်းချိန် ငါရေစဉ်ကြီးဘေးမှာ ချိန်းထားတယ် ဟေ့ကောင်ဂငယ် ငါပြောတာကြားလား"

အဂ္ဂခေါင်းငြိမ့်တော့ မိုးမခကပါ

"ငါ အဲ့ကောင်တွေကိုကြည့်မရတာကြာပြီ  ထစ်ခနဲဆို ဆရာမကိုတိုင်မယ်ဆိုတာကြီးပဲ ဒီတစ်ခါတော့ အဲ့ကောင်တွေကို ငါ့လက်သီးစာသေချာစားခိုင်းရမယ်"

"အေးနင့်တို့ကို ငါကြိုပြောထားမယ်နော်
ငါတို့သုံးယောက်လုံး လက်နဲ့ပဲချမှာနော်
လက်နက်တွေပါရင် စကားများရမယ်"

ပြောနေတဲ့စကားတွေကြားရတာ လူမိုက်ကြီးသုံးယောက်ပေါ့ ဂိုဏ်းစတားတွေပေါ့ တကယ်က လေးတန်းကလေးသုံးကောင် တစ်နေ့တစ်နေ့ ရန်ဘယ်လိုဖြစ်ရမလဲတွေးပူနေတဲ့ မျောက်လောင်းသုံးကောင်ဆိုပိုမှန်မယ်

ခုဖြစ်တဲ့ပြဿနာကလဲ

သူတို့အတန်းထဲက သူများထမင်းချိုင့်တွေကို စာသင်နေတုန်းခိုးစားတယ်

မုန့်စားဆင်းတော့ ချိုင့်ထဲမှာ ထမင်းတွေမရှိတော့လို့ ဆရာမကိုသွားတိုင်ကြတော့တာပေါ့

ဆရာမကလည်း ထွေထွေထူးထူးရှာနေစရာမလိုပါဘူး 

နောက်ဆုံးတန်းမှာ တစ်ချိန်လုံး ထမင်းခိုးစားနေတဲ့ ကခဂ မှန်းသိပြီးသား

မုန့်စားပြန်တက်ချိန်ကနေ ကျောင်းဆင်းချိန်ထိ မက်တပ်ရပ်ခိုင်းပြီး အပစ်ပေးခံခဲ့ရတာလေ

အဲ့ဒါကို သူတို့သုံးကောင်ကမကျေနပ်လို့
တိုင်တဲ့ကောင်တွေကိုချိန်းပြီး ထုမှာ

သူတို့ကသုံးယောက် ဟိုကငါးယောက် တော်တော်ကြည့်လို့ကောင်းဦးမယ်

"တောင် တောင် တောင်"

မုန့်စားဆင်းချိန်ရောက်ပြီ

ကခဂWhere stories live. Discover now