Part7(uni+zawgyi)အလှည့်ကျမနွဲ့စတမ်းပေါ့မိုးမခရာ

180 17 5
                                    

Uni

"မိုးမခ"

သေချာပြီ ဂငယ်ဘယ်လောက်ဒေါသထွက်နေလဲဆိုတာ

အသံတင်မဟုတ် နံမည်တောင်အပြည့်အစုံခေါ်ပြီဆိုတော့

ဒေါသရဲ့ အတိမ်အနက်ကို မှန်းကြည့်တာနဲ့သိပြီလေ

ဒါပေမယ့်သိတယ်မလား မိုးမခပဲ ရုပ်ကမှင်သေသေနဲ့
"နင်ကလည်း ဖြေးဖြေးခေါ်ပါဟ ငါကဘယ်မှလျှောက်မပြေးဘူးပြောဘာတုန်း"

"နင် နင်မေဖူးဖူးကိုဘာတွေသွားပြောလိုက်တာလဲ "

"အိမ်စာပြီးပြီ လားလို့လေ ဒီနေ့သခ်ျာတွေထပ်ရမှာဟ နင်ကမနေ့ကကျောင်းမတက်တော့ မထပ်ရဘူး ငါတို့ကထပ်ရမှာ"

ကကြီးကတော့ ဂငယ်နဲ့ခခွေးကိုကြည့်ပြီး ခွီးခနဲမြည်အောင်ရယ်ပြီး ခေါင်းမှောက်ကာ အိပ်ချင်ယောင်ဆောင်နေတယ်

သူမပါဘူးပေါ့ ဟုတ်တယ်လေ ခခွေးပဲမွှေတာ သူကနဲနဲလေးဝင်ညှောင်ယုံလောက်ပဲ

ဂငယ်မျက်နှာတစ်ခုလုံးနီရဲလို့ ဒေါသကြောင့် ပြောရမယ့်စကားတွေတောင်မေ့ကုန်တယ်

မနက်တည်းကကျောင်းရောက်တော့ မေဖူးဖူးကအရင်ကဆို သူ့ဆီကို အကြောင်းမရှိအကောင်းရှာပြီး စကားလာပြောနေကြ ဂငယ်ကလည်း သူ့ကိုကြိုက်နေတာတော့မဟုတ်ပေမယ့် ဒါပေမယ့် ငါ့ကိုကြိုက်နေတဲ့သူရှိတယ်ဆိုပြီးဂုဏ်ဆာတဲ့သဘောလောက်ပဲ

ဒီနေ့မှမေဖူးဖူးက သူ့ကိုကြည့်လည်းမကြည့် ဘာအဖက်တောင်မလုပ်တော့

ဂငယ်တစ်ယောက် အကြောင်းအရင်းရှာပြီး သူ့ကိုစိတ်ဝင်စားမှုရအောင်ဆိုပြီး မေဖူးဖူးဆီက ပေတံသွားငှားတာ

"မေဖူး ငါ့ကိုပေတံလေးငှားပါလား"

"နင် နင်သက်သာရဲ့လားဟင်"

ဟယ် မေဖူးဖူးကငါ့ကိုဂရုစိုက်သားဟ ငါလည်ချောင်းနာနေတာတောင်သတိထားမိပြီးသက်သာလားတဲ့

ဒီကောင်မလေး ငါ့ကိုတော်တော်ကြွေနေပြီပဲထင်တယ် ဒါတောင်ဒီနေ့မှလာမူနေသေး

"အသံဝင်သွားတာပါဟ ခုတောင်တော်တော်ကောင်းနေပြီ"

"ဟင့် ဟုတ်လား ဒါပေမယ့် နောက်ဆိုရင် နင်အသံကညှောင်ညှောင်လေးပဲထွက်တော့မှာပါလေ "

ကခဂحيث تعيش القصص. اكتشف الآن